Home
မြန်မာသတင်း
လူ့အခွင့်အရေး ကျူးလစ်ဆု ဖြိုးဖြိုးအောင်ကို မဲပေးနိုင်ပြီ
DVB
·
September 10, 2015
နယ်သာလန်နိုင်ငံခြားရေး ၀န်ကြီးဌာနက လူအခွင့်အရေး ကျူးလစ်ဆုကို ချီးမြှင့်ဖို့ လျာထားခံရသူ ၃၀ထဲမှာ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အကျဉ်းကျခံ ဆောင်ရွက်နေတဲ့ မဖြိုးဖြိုးအောင်ကို ရွေးချယ်ထားပါတယ်။ မဖြိုးဖြိုးအောင်နဲ့ အတူး ရွေးချယ်ခံထားရတဲ့သူတွေအထဲမှာ စစ်အုပ်ချုပ်ရေးအောက်မှာ တရားမျှတရေးလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံက ရှေ့နေတွေ၊ တောင်အာဖရိကက လူတွေကို စောင့်ရှောက်ပေးနေတဲ့သူတွေ၊ ဘင်္ဂလားဒေ့ရှ်မှာ လူ့အခွင့်အရေး ကြိုးစားနေသူတွေလည်း ပါဝင်ပါတယ်။ မဖြိုးဖြိုးအောင်ကို ဒီဆုအတွက် မဲပေးချင်သူတွေက http://www.humanrightstulip.nl/candidates-and-voting/phyoe-phyoe-aung အင်တာနက် စာမျက်နှာမှာ မဲပေးနိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ထောက်ခံပြီး ခုခံကာကွယ်သူတွေရဲ့ သတ္တိအတွက် ရည်ရွယ်ပေးအပ်တာ ဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၈ ခုနှစ်ကနေ စတင်ပြီး ကမ္ဘာတ၀န်းက လူပုဂ္ဂိုလ် တဦးခြင်း၊ အဖွဲ့လိုက်တွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ချီးမြှင့်ခံရပါက ပေါင် ​၁ သိန်းကို လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအတွက် ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024