A d v e r t i s e m e n t With Us

ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းကို ကာကွယ်သည့်နေ့ ပညာပေး (ရုပ်သံ)

စက်တင်ဘာ ၁၀ ရက်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာကို တားဆီး ကာကွယ်တဲ့နေဖြစ်ပါတယ်။ ဒီနေ့ကို သတ်မှတ်လာတာဟာ ၁၀ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပြီး လူငယ်တွေက ကိုယ့်ကိုယ်ကိုယ် မသတ်သေဖို့အတွက် ပညာပေး ရုပ်သံဖိုင်ကို ယူကျူပေါ် တင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အကြောင်း ပြောကြရအောင်ဆိုတဲ့ ဗွီဒီယိုဖိုင်ကို လူငယ်တွေက ယူကျူပေါ်တင်ပြီး သတ်သေဖို့ မကြိုးစားဖို့ ပညာပေးထားပါတယ်။ တစုံတယောက်က ကြောက်ရွံ့နေတယ်၊ ကမ္ဘာမှာ ဆက်မရှင်သန်ချင်တော့ဘူးလို့ ပြောရင် သူ့ကို အားပေးဖို့ သူနဲ့ အတူရှိနေတယ်ဆိုတာကို ပြသဖို့ ရည်ရွယ်ပြီး ဒီရုပ်သံဖိုင်လေးက ဖန်တီးပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု တားဆီးရေးအဖွဲ့၊ ကမ္ဘာကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာစိတ်ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒီနေ့ကို ကျင်းပခဲ့တာ ဖြစ်ပါတယ။ ၂၀၁၁ ခုနှစ်စာရင်းဇယားအရ တနှစ်ကို သန်းချီတဲ့လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြပါတယ်။ စက္ကန့် ၄၀ မှာ လူတယောက်နီးပါးနဲ့ တနေ့ကို လူ ၃ ထောင်နီးပါး  ကိုယ့်ကိုယ်ကိုယ် သတ်သေနေပါတယ်။ ဒီလိုသတ်သေတဲ့အထဲမှာ အသက် ၁၅ ကနေ ၂၄ အကြား လူငယ်တွေများပြီး သတ်သေတဲ့ လူ အယောက် ၂၀ မှာ တယောက်က သတ်သေတာ အောင်မြင်တယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up