A d v e r t i s e m e n t With Us

ဇင်ဘာဘွေ ဥယျာဉ်တွင် ဆင်က လူ ၂ ဦးကို ရန်မူတိုက်ခိုက် (ရုပ်သံ)

အနားမှာ ယဉ်ပါးနေတယ်လို့ ယူဆထားတဲ့ ဆင်တကောင်လာပြီး ရုတ်တရက်  ရန်မူဖို့ ကြိုးစားမယ်ဆိုရင် ထိတ်လန့်သွားမှာကတော့ အသေအချာပါ။ ဇင်ဘာဘွေနိုင်ငံက တရိစ္ဆာန်တွေရဲ့ နေထိုင် လှုပ်ရှားပုံကိုလေ့လာလို့ရတဲ့ ဆာဖရီ ဥယျာဉ်ထဲက စားသောက်ဆိုင်မှာ ထိုင်နေတဲ့ ခရီးသွားတွေကို အနားက ဆင်က ရုတ်တရက် ရန်မူဖို့ ကြိုးစားခဲ့ပါတယ်။ ဆင်က နှာမောင်းနဲ့ ဝှေ့ချပြီး အမျိုးသား ၂ ခုကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီအတွက် တိုက်ခိုက်ခံရသူတွေက ဒဏ်ရာရရှိသွားပါတယ်။ ဒီဗွီဒီယိုကို ယူကျူပေါ် တင်တဲ့သူတွေက ထူးဆန်းတဲ့ တရိစ္ဆာန်တွေကို ချစ်ပြီး အာဖရိကခရီးသွားလုပ်ငန်းကို ထောက်ခံသလို ဒီဖြစ်ရပ်ကနေ အဝေးကို ထွက်ပြေးနိုင်တဲ့ အတွက် ကံကောင်းတယ်လို့ ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up