မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် အိုလံပစ် ခြေစစ်ပွဲ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၁၆ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ကနေ ၂၂ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျော်ဒန်နဲ့ တရုတ်တိုင်ပေအသင်းတို့ ပါဝင်ပြီး ၁ ရက် ၂ ပွဲနှုန်းနဲ့ ယှဉ်ပြိုင်ကစားမှာပါ။ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းဟာ ပွဲစဉ်အားလုံးကို ညနေ ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့မှာ ဂျော်ဒန်၊ ၁၆ ရက်နေ့မှာ ထိုင်း၊ ၁၈ ရက်နေ့မှာ ဗီယက်နမ်နဲ့ ၂၂ ရက်နေ့မှာ တရုတ်တိုင်ပေ အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပွဲကြည့်လက်မှတ်တွေကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ပြီး ဗထူးကွင်းနဲ့ အားကာသိပ္ပံ (မန္တလေး) မှာ ရောင်းချသွားမှာဖြစ်ပြီး ရိုးရိုးတန်း ၁ စောင် ကျပ် ၂၀၀၀၊ အထူးတန်း ၁ စောင် ကျပ် ၃၀၀၀ နဲ့ ၁ ရက် ၂ ပွဲနှုန်း ကြည့်ရှုအားပေးနိုင်တယ်လို့  မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

More News
Up