A d v e r t i s e m e n t With Us

ဘက်ခမ်း ဘောလုံးအသင်းအတွက် နေရာရရှိ

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်း က အမေရိကန် ပြည်ထောင်စုက သူ့ရဲ့ မီယာမီ မေဂျာလိဂ် ဘောလုံးအသင်းအတွက် ကိုယ်ပိုင်ကွင်းဆောက်ဖို့ နေရာရှာတွေ့သွားပြီ ဖြစ်ပါတယ်။ ၂၀၁၈ ဘောလုံးရာသီ မီယာမီ ဘောလုံးအသင်းအတွက် ကွင်းဆောက်ဖို့ နေရာရှာခဲ့ပေမယ့် သင့်တော်တဲ့နေရာကို ရှာမတွေ့ ဖြစ်ခဲ့ပါတယ်။ အခုတော့ ဘက်ခမ်းဟာ မီယာမီ မာလင် ဘေ့စ်ဘောကွင်းဘေးမှာ ဘောလုံးကွင်းဆောက်ဖို့ စိတ်ဝင်စားနေပါတယ်။ ၂၀၀၇ ခုနှစ်က အယ်လ်အေ ဂလက်စီအသင်းနဲ့ ကစားဖို့ စာချုပ်ချုပ်ဆိုစဉ်မှာ ကစားသမား ဘ၀ အဆုံးသတ်သွားရင် မေဂျာလိဂ်မှာ လုပ်ငန်းပိုင်ဆိုင်ခွင့်ရမယ့် အခွင့်အရေးတခု ရှိနေခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up