A d v e r t i s e m e n t With Us

ဒုက္ခသည်များအတွက် ပီအက်စီဂျီ အသင်း ယူရို ၁ သန်းလှူ

ပြင်သစ်လိဂ်ကလပ် ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) အသင်းက ဆီးရီးယား ဒုက္ခသည် ပဋိပက္ခကို ကူညီဖြေရှင်းပေးဖို့ ယူရို ၁ သန်း လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီပေးတဲ့ အကူအညီက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ရောက်ရှိမှာလည်း ဖြစ်ပါတယ်။ ဆီးရီးယားစစ်ပွဲကြောင့် သန်းနဲ့ချီတဲ့လူတွေက ထွက်ပြေးနေကြပြီး ဥရောပမှာ ခိုလှုံဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒီအတွက် ဘောလုံးကလပ်အသင်းတွေကလည်း ထောက်ပံ့ကူညီဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပေါ်တူဂီကလပ် ပေါ်တို၊ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်တို့ကလည်း ဒုက္ခသည်တွေကို ငွေကြေး အကူအညီပေးဖို့ ကတိပြုခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဘောလုံးပွဲကနေ ရောင်းချရတဲ့ လက်မှတ်တွေကနေ ပေါင် ၁ သန်း လှူဒါန်းဖို့ အတည်ပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up