6S နှင့် 6S plus အိုင်ဖုန်း မိတ်ဆက် (ရုပ်သံ)

နာမည်ကျော် နည်းပညာပစ္စည်းထုတ် ကုမ္ပဏီ အက်ပဲလ် (Apple) က နောက်ဆုံးထုတ်လိုက်တဲ့ 6S နဲ့ 6S plus အိုင်ဖုန်း (iPhone) တွေကို စက်တင်ဘာ ၉ ရက်နေ့မှာ အသစ် မိတ်ဆက်လာပါတယ်။ အခုတခေါက် ထုတ်လိုက်တဲ့ ဖုန်းမှာ 3D touch နည်းပညာကို ထည့်သွင်းထားပါတယ်။ ဖုန်းအသုံးပြုတဲ့အခါ ဖုန်းမျက်နှာပြင် ဖန်သားကို အဖိအဖော့ အတိုင်းအဆအပေါ် မူတည်ပြီးတော့ တုံ့ပြန်တဲ့ display နည်းပညာကို အသုံးပြုထားပါတယ်။ ကင်မရာအရည်အသွေးကိုလည်း 12 megapixel အထိ မြှင့်တင်ထားပြီး 4K  ဗွီဒီယိုအရုပ် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီပစ္စည်းအသစ်တွေ မိတ်ဆက်တဲ့ ပွဲမှာပဲ အရွယ်အစားပိုကြီးတဲ့ အိုင်ပက် (iPad) ကိုလည်း မိတ်ဆက်ပါတယ်။ အိုင်ပက်ပရို (iPad Pro) ဟာ မျက်နှာပြင်အရွယ်  ၁၂ ဒသမ ၉  လက်မ ရှိမှာဖြစ်ပြီး နှစ်ဆနီးပါး ပိုမြန်ကာ ဘက်ထရီက ၁၀ နာရီအထိ ခံမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up