ကမ္ဘာ့အကြီးဆုံး ငါးမန်းများ၏ လှုပ်ရှားမှု ဗွီဒီယို အွန်လိုင်းတွင် လူကြည့်များ (ရုပ်သံ)

အင်ဒိုနိးရှားမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ငါးမန်းတွေရဲ့ လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ အင်တာနက် အွန်လိုင်းမှာ လူကြည့်များနေပါတယ်။ နိုင်ငံတကာ အန္တ၀ါဗေဒ သိပ္ပံအဖွဲ့ Conservation International က ပညာရှင် တယောက်က ရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်ကို သြဂုတ်လ ၃၀ ရက်နေ့မှာ တင်ခဲ့တာ ကြည့်ရှုသူ သန်းတ၀က်လောက် ရှိပါတယ်။ ဗွီဒီယိုကို ဒေါက်တာ မာခ် အာဒ်မန်း ဆိုတဲ့ ပညာရှင်က ၂၀၁၄ အောက်တိုဘာလက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သြစတြေလျက လေ့လာရေးအဖွဲ့နဲ့အတူ သုံးရက်ကြာ လေ့လာရေး ခရီးအတွင်းမှာ ကံကောင်းထောက်မလို့ ဝေလငါးမန်း ၁၅ ကောင် အုပ်စုကို အနီးကပ် ရိုက်ကူးခွင့် ရရှိခဲ့ပါတယ်။ ဝေလငါးမန်းတွေဟာ ၅၉ ပေအထိ ကြီးထွားနိုင်ပြီး အလေးချိန် ၂၁ တန်အထိ ရှိနိုင်ပါတယ်။ ဒီဧရာမ ငါးမန်းမျိုးစိတ်ဟာ အစားအသောက် ရွေးချယ်တတ်သလို၊ လူတွေနဲ့လည်း ယဉ်ပါးတဲ့ ငါးမန်းမျိုး ဖြစ်တယ်လို့ Conservation International  အဖွဲ့ ပြောခွင့်ရ Kevin Connor  က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up