A d v e r t i s e m e n t With Us

မန်ယူဂိုးသမား ဒီဂီယာ လီဗာပူးနှင့်ပွဲတွင် ပြန်လည်ပါဝင်မည်

ဓာတ်ပုံ - ရိုက်တာ
ရီးရဲလ်ကို ပြောင်းရွှေ့ရေးကိစ္စ ပျက်ပြားခဲ့တဲ့ မန်ယူဂိုးသမား ဒီဂီယာ ဟာ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့  လီဗာပူးနဲ့ ကစားရမယ့်ပွဲမှာ ပါဝင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ သူဟာ မန်ယူအသင်းနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေပြီး နည်းပြန် ဗန်ဂါးလ်နဲ့လည်း စကားပြောဆိုခဲ့ကြရာ အဆင်ပြေခဲ့ပြီလို့ ပြောပါတယ်။ သူ ရီးရဲလ်ကို ပြောင်းမယ်လို့ သတင်းထွက်ခဲ့ပြီးနောက် မန်ယူရဲ့ ရာသီအစ ကစားခဲ့တဲ့  ပရီးမီးယား ၄ ပွဲနဲ့ ချန်ပီယံလိဂ် ၂ ပွဲ စုစုပေါင်း ၆ ပွဲလုံးမှာ ဒီဂီယာကို ထည့်သွင်း ကစားခဲ့တာ မရှိပါဘူး။ လာမယ့် ပရီးမီးယားလိဂ် လီဗာပူးနဲ့ပွဲဟာ ဒီဂီယာအတွက်တော့ အခုရာသီမှာ ပထမဆုံး ကစားရတဲ့ပွဲ ဖြစ်လာတော့မှာပါ။ ဗန်ဂါးလ် အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ဆာဂျီယို ရိုမီယိုဟာ ပထမ ၃ ပွဲမှာ ပေးဂိုးမရှိ  စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲအတွက် ဝေဖန်ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အရင်က မန်ယူရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်ခဲ့တဲ့ ဒီဂီယာအတွက်တော့ နောက်တကြိမ် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်ရေး အခွင့်အလမ်း ပြန်လည်ရရှိလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up