A d v e r t i s e m e n t With Us

လှေပေါ်မှ ကယ်ဆယ်ခံရပြီး ကလေးမွေးသည့် ဒုက္ခသည် (ရုပ်သံ)

အီတလီတောင်ပိုင်း ကျွန်းတခုအနီးမှာ ကမ်းခြေစောင့်တပ်ဖွဲ့က လှေစီးဒုက္ခသည်တွေကို ကယ်တင်ခဲ့ပြီးတဲ့နောက် အမျိုးသမီးငယ်တဦးက ချက်ချင်းပဲ ကလေးမွေးဖွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကလေးမွေးတဲ့ မိခင်ကို တခြား လှေစီးဒုက္ခသည် ၁၀၀ နဲ့ ကယ်တင်ခဲ့အပြီး ကယ်တင်တဲ့ စက်လှေပေါ်မှာ ကလေးမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာတော့ ကလေးမွေးဖွားတဲ့ မိခင်ကို ကမ်းခြေစောင့် တပ်ဖွဲ့တွေက လှေပေါ်ကနေ ဆင်းဖို့ ကူညီနေသလို အမျိုးသားတဦးက စောင်နဲ့ထုပ်ပိုးထားတဲ့ ကလေးကို ချီလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနောက် ကလေးနဲ့ မိခင်ကို ဆေးရုံပို့ဆောင်ခဲ့ပြီး နေကောင်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up