ထိုင်းတွင် လူများကို အနိုင်ကျင့်သူ ဖမ်းမိပြီ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ အမျိုးသမီးနဲ့ ကလေးတွေကို အနိုင်ကျင့်တဲ့ လာအိုက တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဒီရွှေ့ပြောင်းနေထိုင်သူ အနိုင်ကျင့်ခဲ့တဲ့ ဖြစ်ရပ်ကို လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၈ ရက်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးလိုက်တဲ့ မတူညီတဲ့ ရုပ်သံဖိုင် ၃ ခုပေါင်းပြီး ရုပ်သံဖိုင်တခုလည်း ထွက်ပေါ်လာပါတယ်။ ပထမရုပ်သံဖိုင်ကတော့ စုသီဆန်က ထိုင်းရဲတွေဟာ အသက် ၃၈ နှစ်ရှိ ဆီယမ် လူဆိုးဂိုဏ်းဝင် တဦးကို ဖမ်းဆီးသွားတဲ့ ရုပ်သံဖြစ်ပါတယ်။ ဒီလူဟာ တရားမ၀င်နေထိုင်တဲ့ လာအိုက လူတဦး ဖြစ်တယ်ဆိုတာ သိခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယကလစ်ကတော့ ရဲတွေက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ အရင်က သူ တိုက်ခိုက်တာကို ခံရသူတဦးက ပြန်ပြီး ရိုက်ခဲ့တဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။ တတိယ ရုပ်သံဖိုင်ကတော့ မှတ်ပုံတင်ကတ်မေးတဲ့ ဟိုတယ်ဝန်ထမ်းတွေကို စာရွက်တွေနဲ့ ပစ်ပေါက်တဲ့ဖိုင် ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူက ၀ီရာဖန် အင်သာဝေါင်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲမှာ စိတ်တိုလွယ်တဲ့ အတွက် အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အကြောင်း ၀န်ခံခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ စက်တင်ဘာ ၄ ရက်က တိုက်ခိုက်ခံရသူ တဦး ပသုဝမ် ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တာလို့ ပြောပါတယ်။ ဒါ့အပြင် သြဂုတ် ၁၀ ရက်မှာ ဒီလူက အမျိုးသမီးတဦးထံက စမတ်ဖုန်းကို ခိုးယူခဲ့သလို ဆယ်ကျော်သက်အမျိုးသမီးတဦးရဲ့ မျက်နှာကို ပလတ်စတစ်ရေဘူးနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ၀ီရာဖန်က အလုပ်အကိုင်မရှိဘဲ ဘန်ကောက် လက်ဝှေ့ကြိုးဝိုင်းတွေမှာ လောင်းကစားပြီး ငွေရှာသလို အရင်က ခွဲစိတ်မှုတခုကြောင့် အခုလို စိတ်တို ဒေါသဖြစ်လွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းကို နယ်စပ် နောင်ခိုင်ကနေ လှေနဲ့ တဆင့်ခိုးဝင်လာတာလို့ ဆိုပါတယ်။ ၀ီရာဖန်က လောင်းကစားသမားတဦးဖြစ်ပြီး စီလုံတ၀ိုက်မှာ နေထိုင်ကာ အမျိုးသမီးတွေနဲ့ ကလေးတွေကို ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားအဖြစ် ဟန်ဆောင်ကာ ဖြတ်သန်းသွားလာသူတွေဆီက ဖုန်းကို ငှားယူပြီး ခိုးယူတယ်လို့ ပြောပါတယ်။ ၀ီရာဖန်ဟာ ဘန်ကောက် ဘိုဘန်ဈေးမှာ အ၀တ်အစားတွေလာဝယ်တဲ့ ဗီယန်ကျင်းက ကုန်သည်တဦးဖြစ်သလို ဟိုတယ်ပိုင်ရှင်တဦးလို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up