လူများကို အနိုင်ကျင့်သည့် ထိုင်းတဦးရုပ်သံ ပျံ့နှံ့၊ အရေးယူပေးရန် တောင်းဆို (ရုပ်သံ)

6K
လူအများရှေ့မှာ လူတွေကို အနိုင့်ကျင့်စော်ကားတဲ့ ထိုင်းလူဆိုးဂိုဏ်းဝင်တဦးကို ထိုင်းနိုင်ငံ ရဲတွေအနေနဲ့ စုံစမ်းအရေးယူပေးဖို့ လူမှုရေးကွန်ရက် အသုံးပြုသူတွေက တောင်းဆိုနေပါတယ်။
စက်တင်ဘာ ၄ ရက် မြေအောက် ရထားပေါ်မှာ ရထားပေါ်တက်စဉ် တိုက်မိခဲ့တဲ့အတွက် လူလတ်အမျိုးသားတဦးက အမျိုးသမီးတဦးရဲ့ မျက်စိကို ထိုးပြီးကန်ကြောက်ခဲ့ပါတယ်။
အမျိုးသမီးက အမျိုးသားရဲ့ ခြေထောက် တက်နင်းမိတာကို မတောင်းပန်တာကြောင့် ထိုးနှက်တိုက်ခိုက်တာလို့ ရေးသားပြီး အမျိုးသမီးရဲ့မိတ်ဆွေက လူမှုရေးကွန်ရက်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် သြဂုတ် ၁၂ ရက်က ဆင်းပါရာဂွန်မှာလည်း အလားတူ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။
စိုက်ကြည့်မိတဲ့အတွက် လူမိုက်ဂိုဏ်းဝင်တဦးက ဆယ်ကျော်သက်တဦးကို အနိုင်ကျင့်ခဲ့ပါတယ်။
လူမိုက်ဂိုဏ်းဝင်က သူ့သားနဲ့ ရည်းစားကို ရေဘူးနဲ့ ရိုက်ခဲ့တာလို့ ရပ်ဂျိုင်းဘဘန်ဒစ္စလစ်က ရေးပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ပါတယ်။
လူမိုက်က ဆယ်ကျော်သက်တွေကို သူဟာ ပသုနန်းက လောင်းကစားဝိုင်း ပိုင်ရှင်ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကို ဈေးဝယ်စင်တာက ရဲကို တိုင်ခဲ့ပေမယ့် တစုံတရာ အရေးယူခဲ့ခြင်း မရှိပါဘူး။