Home
မြန်မာသတင်း
တရုတ် စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ်ခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်
DVB
·
September 9, 2015
မြန်မာနိုင်ငံမှာ ပထမဆုံးဘဏ်ခွဲအဖြစ် တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ကို ရန်ကုန်မြို့မှာ စက်တင်ဘာလ ၈ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခုလိုပူးပေါင်းမှုဟာ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) အနေနဲ့ မှတ်တိုင်တခုဖြစ်သလို တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ ကဏ္ဍအနေနဲ့ ကိုယ်စားပြုနေတယ်လို့ အဲဒီဘဏ်ရဲ့ဥက္ကဋ္ဌ ရီဆွေ့မန်း (Yi Huiman) က ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။ တရုတ်နိုင်ငံ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ) ဟာ ၂၀၁၄ ခုနှစ်  အောက်တိုဘာလတုန်းက မြန်မာအစိုးရ ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားဘဏ်ခွဲ ၉ ခုထဲမှ တခုအပါအ၀င်ဖြစ်ပြီး အာဆီယံနိုင်ငံ ၁၀ နိုင်ငံထဲက နိုင်ငံ ၇ ခုမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဘဏ်အနေနဲ့ မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ရိုးမဘဏ်နဲ့လည်း တရုတ်-မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ သဘောတူညီထားတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေကို ချေးငွေပေးနိုင်ဖို့နဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခွင့်ပြုချက်လိုင်စင် ရရှိထားတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024