A d v e r t i s e m e n t With Us

အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အိုလိုလား

အစိုး​ရတပ်​တွေနဲ့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​အကြား​ တိုက်ပွဲ​တွေမှာ အစိုး​ရတပ်ဘက်က (၁၈) ရက်​နေ့​ ညပိုင်း​ကတည်း​က အပစ်အခတ်ရပ်ဖို့​ အမိန့်​ထုတ်ထား​တယ်လို့​ မြစ်ကြီး​နား​မြို့​နယ် အမတ် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ ဦး​သိန်း​ဇော်က ​ကေအိုင်အိုထံကို မ​နေ့​က စာ​ပေး​ပို့​ခဲ့​တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ ဒီစာပို့​ပေမယ့်​ ဒီ​နေ့​ထိ နှစ်ဘက်တိုက်ပွဲ​တွေ ဆက်ဖြစ်​နေဆဲပဲလို့လည်း ကေအိုင်အို​ပြောခွင့်​ရ​ ဦး​လနန်း​က ​ပြောပါတယ်။ အစိုး​ရနဲ့​ ​တော်လှန်​ရေး​အဖွဲ့​အစည်း​နှစ်ဘက်အကြား​ ဖြစ်ပွား​တဲ့​တိုက်ပွဲနဲ့​ စပ်လျဉ်း​ပြီး​ တပ်မ​တော်ကိုလည်း​ ကိုယ်စား​မပြု၊​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​ကိုလည်း​ ကိုယ်စား​မပြုတဲ့​ ဦး​သိန်း​ဇော်ရဲ့​ အပစ်ရပ်​ရေး​ ကမ်း​လှမ်း​မှု​တွေ ဖြစ်ပါတယ်။ “အဲဒီမှာ သူ​ဖော်ပြထား​တာ​တော့​ ၁၈ ရက်​နေ့​ ည ၈ နာရီအချိန်က​နေပြီး​တော့​ ​ကေအိုင်​အေသာ စမပစ်ဘူး​ဆိုရင် သူတို့​ဘက်လည်း​ မပစ်ဘူး​ဆိုပြီး​တော့​ သူတို့​တပ်ထဲမှာ တိုင်း​ကညွှန်ကြား​ပြီး​ပြီဆိုတဲ့​ ​ရေး​ပြီး​တော့​ ကျ​နော်တို့​ကို ​ပေး​လိုက်တာတခုရှိတယ်။ အခုကြည့်​ရတာက အဲဒီမှာ စာ​ရေး​သား​ဖော်ပြချက်မှာ သူကမြစ်ကြီး​နား​မြို့​နယ်ရဲ့​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​ ဖြစ်တဲ့​အ​ကြောင်း​၊​ သူက မြစ်ကြီး​နား​မြို့​ကို ​ရောက်ရှိစဉ်မှာ အဲလိုဖြစ်တဲ့​အတွက်​ကြောင့်​မို့​ ကြား​က​နေလုပ်​ပေး​ရတာ ဖြစ်တယ်ဆိုတာရယ်၊​ ဒါ​ပေမယ့်​ အဲဒီအ​ကြောင်း​ကြား​တောင်း​ဆိုတဲ့​အချိန်မှာလည်း​ နည်း​နည်း​ပါး​ပါး​ ပစ်တာခတ်တာ​တော့​ အ​သေး​အဖွဲ​တော့​ ရှိတာ​ပေါ့​။” ဒီစာမ​ပေး​ပို့​ခင်ကလည်း​ ဦး​သိန်း​ဇော်ဟာ ကချင်အမျိုး​သား​အတိုင်ပင်ခံအဖွဲ့​ဝင်​လေး​ဦး​ကို ​ကေအိုင်အိုဌာနချုပ်လိုင်ဇာကို ​ပေး​ပို့​စေလွှတ်ပြီး​ အပစ်ရပ်​ရေး​ ကမ်း​လှမ်း​ခဲ့​ပေမယ့်​ ဘာအ​ထောက်အထား​မှ မပြသနိုင်တာ​ကြောင့်​ ခရီး​မ​ရောက်ဘဲ မြစ်ကြီး​နား​ကို လှည့်​ပြန်ခဲ့​ရပါ​သေး​တယ်၊ ကေအိုင်အိုက တိုက်ပွဲမလိုလား​ဘဲ အပစ်ရပ်စဲချင်​ပေမယ့်​ အနိမ့်​ဆုံး​အဆင့်​အ​နေနဲ့​ အစိုး​ရဘက်က လိုက်​လျောရမယ့်​အချက်​တွေရှိတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။ “အဓိက​တော့​ သူတို့​ဘက်က ခိုင်မာတဲ့​ သူတို့​တပ်​တွေမှာ ညွှန်ကြား​ထား​ပြီဆိုတဲ့​ ဒီအာမခံရှိတဲ့​ သက်​သေအ​ထောက်အထား​ကို ကျ​နော်တို့​ဘက်ကို​ပေး​မယ်ဆိုရင် ကျ​နော်တို့​ဘက်ကလည်း​ ကျ​နော်တို့​ရဲ့​ ​ရှေ့​တန်း​မှာရှိတဲ့​ ရဲ​ဘော်​တွေကို ပစ်တာခတ်တာ​တွေကို ရပ်ဖို့​ ပြန်ညွှန်ကြား​လာမယ်။ အဲဒါပြီး​တော့​ သူတို့​ဘက်က စစ်ဘက်ဆိုင်ရာ အရာရှိ​တွေနဲ့​ ကျ​နော်တို့​ရဲ့​ ​ကေအိုင်​အေတပ်ဖွဲ့​အရာရှိ​တွေက တ​နေရာမှာ ယာယီအပစ်အခတ်ရပ်ဆိုင်း​ဖို့​ နှစ်ဖက်သ​ဘောတူညီချက် လက်မှတ်​တွေဘာ​တွေ ထိုး​ကြမယ်။ အဲဒီက​နေ ဆက်ပြီး​တော့​ တပ်ပိုင်း​ဆိုင်ရာ ညွှန်ကြား​ချက်​တွေလိုမျိုး​ အဆင့်​အများ​ကြီး​ လုပ်ကြရမယ်။ အဲဒီအား​လုံး​ပြီး​စီး​မှ ပစ်တာခတ်တာ​တွေ ယာယီရပ်ဆိုင်း​နိုင်ပြီး​တဲ့​အခါမှာ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ဆိုတဲ့​ နိုင်ငံ​ရေး​လမ်း​ကြောင်း​ပေါ်မှာ သွား​ဖို့​၊​ ကျ​နော်တို့​ အဲဒီလမ်း​ကြောင်း​နဲ့​သွား​မှာပါ။” အခုလ ၉ ရက်​နေ့​က​နေ့​ စတင်တဲ့​တိုက်ပွဲ​တွေ​ကြောင့်​ ​ကေအိုင်အို တပ်မဟာ ၁ က​နေ ၅ အထိ ရှိတဲ့​ ​ကေအိုင်တပ်မဟာ (၅) ခုစလုံး​မှာ တိုက်ပွဲငယ်​တွေ ဖြစ်​နေတာပါ။ ဒီက​နေ့​ ​နောက်ဆုံး​အ​ခြေအ​နေထိ စစ်​ပြေး​ဒုက္ခသည်​ပေါင်း​ နှစ်​သောင်း​ဝန်း​ကျင်​လောက် ​ရောက်ရှိလာပြီဖြစ်ပြီး​ ဒီက​နေ့​စလို့​ စစ်​ပြေး​ဒုက္ခသည်က​လေး​တွေကို စတင်ပြီး​ ​ကေအိုင်အိုက ​ကျောင်း​စတင် ဖွင့်​လှစ်သင်ကြား​ပေး​တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။ စစ်အစိုး​ရလက်ထက် ဆက်သွယ်​ရေး​ဝန်ကြီး​တာဝန်ယူဖူး​သူ ဦး​သိန်း​ဇော်ဟာ ​ကေအိုင်အိုနဲ့​ အစိုး​ရအကြား​ တင်း​မာစဉ် ၁၂ ရက်​နေ့​ညက ​ကေအိုင်အိုက အစိုး​ရတပ်ကို နှစ်ရက်သည်း​ခံ​ပေး​ပြီး​ အပစ်အခတ်မလုပ်ဖို့​ ​နေပြည်​တော်က​နေ ​ကေအိုင်အိုဘက်ကို ဖုန်း​ဆက်ပြီး​ ​မေတ္တာရပ်ခံခဲ့​ပါတယ်။ ဒီလို ​မေတ္တာရပ်ပြီး​ချိန်မှာပဲ အစိုး​ရတပ်က ​ကေအိုင်​အေ တပ်မဟာ ၃၊​ တပ်ရင်း​ ၁၅ ကို လက်နက်ကြီး​ ကျည်ရာ​ပေါင်း​များ​စွာ အဆက်မပြတ် ပစ်ခွင်း​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up