ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ လေးပွင့်ဆိုင် စီးပွားရေးဖိုရမ် ကျင်းပမည်

သီရိလင်္ကာနိုင်ငံ ဆော်လွန်ကုန်သည်ကြီးများအသင်း (စီစီစီ) ဟာ ဗီယက်နမ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ဖို့ရည်ရွယ်ပြီး စီးပွားရေး ဖိုရမ်တခုကို စက်တင်ဘာ ၁၁ ရက်နေ့ ကျင်းပသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီစီးပွားရေးဖိုရမ်ကို ဗီယက်နမ်နိုင်ငံမှ သံတမန် ဖန်ခီယူးသူ၊ ထိုင်းနိုင်ငံမှ သံတ မန် နော့ပိုနက်ချာ့ရက်ဗ်ဗင်းနစ်၊ မြန်မာနိုင်ငံမှသံတမန် ဦးသိန်းဇံတို့ အပါအ၀င် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ အကြံပေးတွေ တက်ရောက်ကြမယ်လို့ လန်ကာအွန် လိုင်းစီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။ ဒီဖိုရမ်ကို မဟာမဲခေါင်ဒေသတွင်းစီးပွားရေးကောင်စီ (အက်စ်အယ်လ်ဂျီအမ် အက်စ်ဘီစီ) (သီရိလင်္ကာ)က စီစဉ်တာဖြစ်ပြီး ကိုလံဘိုမြို့၊ ဟီလ်တန်ကိုလံဘိုဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

More News
Up