A d v e r t i s e m e n t With Us

ကစားသမား ခေါ်ယူပြီး အလေအလွင့်ဖြစ်မှု မန်ယူ ထိပ်ဆုံးရှိ

ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြီးခဲ့တဲ့ရာသီ ၃ ခုအတွင်း ကစားသမား ခေါ်ယူပြီး အလေ့အလွင့်ဖြစ်ခဲ့တဲ့ စာရင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ထိပ်ဆုံးက ရှိနေပါတယ်။ The Soccerex Transfer Review 2016 က ပြီးခဲ့တဲ့ ဘောလုံးရာသီ ၃ ရာသီအတွင်း ကစားသမားသစ်တွေရဲ့ ပွဲကစားချိန်၊ ခြေစွမ်းကြောင့်ဖြစ်စေ၊ ဒဏ်ရာကြောင့်ဖြစ်စေ အသင်းအတွက် ကစားပေးနိုင်မှု နည်းပါးခဲ့တဲ့ အချက်တွေအပေါ် တွက်ချက်ထားပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။ မန်ယူဟာ ဒီမာရီယာကို စံချိန်တင်ဈေး ပေါင် ၅၉ ဒသမ ၇ သန်းနဲ့ ခေါ်ခဲ့ပေမယ့် တရာသီအပြီးမှာတော့ ပေါင် ၄၄ သန်းနဲ့ ထုတ်ရောင်းခဲ့ရတာတွေ၊ တန်ဖိုးနဲ့မမျှဘဲ အကျိုးမရှိဖြစ်ခဲ့တဲ့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ကို ဖော်ပြထားပါတယ်။ လုခ်ရှောနဲ့ ဖယ်လိုင်နီတို့ဟာ ပေးရတဲ့ ပြောင်းရွှေ့ကြေးနဲ့ မတန်ဘဲ ကစားရတဲ့ပွဲတွေ  နည်းပါးခဲ့ကြပြီး လုခ်ရှောဟာ တရာသီလုံးရဲ့ ၃၃ ရာခိုင်နှုန်း၊ ဒီမာရီယာက ၄၈ ရာခိုင်နှုန်းသာ ကစားခွင့်ရခဲ့ပါတယ်။ အကျိုးအရှိဆုံး ကစားမားကတော့ အာဆင်နယ်က ဆန်းချက်ဇ်ဖြစ်ပြီး ၈၆ ရာခိုင်နှုန်း အသင်းအတွက် ကစားပေးထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up