A d v e r t i s e m e n t With Us

မလေးရှား – ဆော်ဒီ ခြေစစ်ပွဲ ပရိသတ်ကြောင့် ပွဲပျက် (ရုပ်သံ)

စက်တင်ဘာ ၈ ရက်နေ့က ကစားခဲ့တဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲအတွက် အာရှဇုန် ခြေစစ်ပွဲ ဖြစ်တဲ့ မလေးရှားအသင်းနဲ ဆော်ဒီတို့ ပွဲစဉ်မှာ ပရိသတ်တချို့ကြောင့် ပြိုင်ပွဲကို ဖျက်လိုက်ရပါတယ်။ ဆော်ဒီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နေချိန်၊ ပွဲချိန် ၈၆ မိနစ် မှာ  ကွင်းအတွင်း ကို  မီးပန်းတွေ၊ မီးကျည်တွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။ ဒိုင်က ပွဲကို နာရီဝက်ခန့် ရပ်ဆိုင်းခဲ့ပြီးနောက် ပွဲကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ယူအေအီးအသင်းကို ၁၀ ဂိုး ဂိုးမရှိ ရှုံးခဲ့တဲ့အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်ကို ပရိသတ်တချို့က မကျေမနပ်နဲ့ ဝေဖန် ပြစ်တင်မှုတွေ ရှိနေတာပါ။ မလေးရှားအသင်းအနေဟာ ဆော်ဒီနဲ့ ပွဲကို ဖျက်ခဲ့ရတဲ့အတွက်  ပွဲကို ၃ ဂိုး ဂိုးမရှိ အရှုံးလို့ သတ်မှတ်ခံရနိုင်ပြီး ဖီဖာရဲ့ ပြင်းထန်တဲ့  အရေးယူမှုကိုလည်း ခံရနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up