အမေရိကန် တောမီး အပြင်းအထန်လောင်ကျွမ်း (ရုပ်သံ)

3K
အမေရိကန်ပြည်ထောင်စု၊ ယူတာပြည်နယ်မှာ စက်တင်ဘာ ၇ ရက်နေ့က တောမီးတွေ အပြင်းအထန် လောင်ကျွမ်းနေတဲ့အတွက် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစား ငြှိမ်းသတ်နေကြပါတယ်။
ဒီတောမီးကို ရှို့မီးလို့ မီးသတ်အာဏာပိုင်တွေက ယုံကြည်နေကြပြီး ဆော့လိပ်စီးတီးမြို့ပြင်မှာ သစ်တောဧက ၁၀၀ လောက် လောင်ကျွမ်းသွားပြီလို့ မီးသတ်အာဏာပိုင်တွေ ပြောပါတယ်။
လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် တောမီးကို ထိန်းချုပ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ဒေသခံတွေကို နေရာပြောင်းရွှေ့ ကယ်ဆယ်ထားပြီး လက်ရှိအချိန်အထိ လူနဲ့ အိုးအိမ် ထိခိုက်ပျက်စီးမှုတော့ မရှိသေးပါဘူးလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။