သမိုင်းဝင်ဂူအတွင်း ဖွင့်ထားသည့် ဗီယက်နမ် ညကလပ် လာအိုပိတ်

ဓာတ်ပုံ - saigoneer.com
2K
လာအိုနိုင်ငံ အရှေ့မြောက်ပိုင်း ဗွီယန်ဇေးဂူထဲက ဗီယက်နမ်ပိုင် ညကလပ်တခုကို လာအိုအာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။
သြဂုတ် ၂၁ ရက်က ကလပ်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဘီကနီနဲ့ လာအို ရိုးရာဝတ်စုံဝတ်တဲ့ ဗီယက်နမ် အမျိုးသမီးတွေက ကလပ်မှာ ကပြဖျော်ဖြေတာ ဖြစ်ပါတယ်။
ကလပ်အကြောင်း လူမှုရေးကွန်ရက် မီဒီယာမှာ ပျံ့နှံ့သွားပြီး မကျေနပ်တဲ့ ပြည်သူတွေကြောင့် ဟောင်နန်ခရိုင် တာဝန်ရှိသူတွေက ကလပ်ကို ပိတ်လိုက်တာ ဖြစ်ပါတယ်။
ပိုင်ရှင်က ကလပ်ကို ဆက်ပြီးတော့ ဖွင့်ချင်ရင်တော့ ဘီကနီဝတ် အမျိုးသမီးတွေ မရှိမှ ဖြစ်မယ်လို့ လာအို အာဏာပိုင်တွေကို ကိုးကားပြီး လွတ်လပ်တဲ့ အာရှအသံ လာအိုဘာသာ အစီအစဉ်က ရေးပါတယ်။
ဗီယက်နမ်ပိုင်ရှင်က ဂူအတွင်းမှာ ဒီကလပ်ကို ဖွင့်လှစ်ဖို့ နှစ် ၅၀ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
ဗီယန်ဇေးဂူဟာ ၁၉၅၃-၅၇ ခုနှစ် လာအို ပြည်တွင်းစစ်ကာလက စစ်အခြေစိုက်စခန်းနဲ့ ထောင်နဲ့ချီတဲ့လူတွေ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။