A d v e r t i s e m e n t With Us

တင်းနစ် ပွဲတွင် ၀င်ရှုပ်သည့် ရှဥ့်ကလေး (ရုပ်သံ)

လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပွဲကစားနေစဉ် ကွင်းထဲကို ရှဥ့်ကလေးတကောင် ၀င်လာတဲ့အတွက် ပွဲကို ခေတ္တ ရပ်နားလိုက်ရပါတယ်။ စက်တင်ဘာ ၆ ရက် နယူးယောက်မှာကျင်းပတဲ့ အမျိုးသမီး ၂ ယောက်တွဲ တင်းနစ်ပွဲစဉ်မှာ ရှဥ့်ကလေး ကွင်းအတွင်းကို ၀င်ပြေးလာတဲ့အတွက် ပြိုင်ပွဲကို ခေတ္တရပ်နားထားလိုက်ပါတယ်။ ရှဥ့်က ပရိသတ်ဘက်ကနေ ထွက်ပေါက်ရှာပြီး ထွက်ဖို့ ကြိုးစားပေမယ့် မရခဲ့တဲ့အတွက် တင်းနစ်ကွင်းထဲကို ၀င်ရောက်လာပါတယ်။ ဒီနောက် မိနစ်အနည်းငယ် ကွင်းထဲမှာ ရှိနေပြီး ဘောလုံးဖမ်းတဲ့သူတွေနဲ့ ပရိသတ်တွေက သူ့ကိုဖမ်းဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် မအောင်မြင်ဘဲ နောက်ဆုံး ရှဥ့်က ပွဲကြည့်စဉ်ဘက်ကပဲ ကွင်းအပြင်ကို ထွက်သွားခဲ့တော့မှ ပြိုင်ပွဲကို ပြန်စတင်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up