A d v e r t i s e m e n t With Us

အမေရိကန်၊ ဂျပန်၊ နယူးဇီလန်နှင့် မက္ကဆီကို ကမ်းတက်ကျွန်းသိမ်းတိုက်ပွဲပုံစံ စစ်ရေးလေ့ကျင့် (ရုပ်သံ)

အမေရိကန်၊ ဂျပန်၊ နယူးဇီလန်နဲ့ မက္ကဆီကို ကြည်းတပ်နဲ့ ရေတပ် တပ်ဖွဲ့တွေ အခုတပတ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ် ကမ်းခြေတခုမှာ ကမ်းတက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ မက္ကဆီကို ရေတပ်သင်္ဘော ၁၂ စီး ပူးပေါင်းပါဝင်ကြပြီး စက်တင်ဘာ ၅ ရက်နေ့က အမေရိကန်နဲ့ ဂျပန် ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ကမ်းတက် ကျွန်းသိမ်းတိုက်ပွဲပုံစံ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေက ဆိုပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်တပ်ဖွဲ့ဝင် ၁၁၀၀ လောက် ပါဝင်ခဲ့တယ်လို့ ဂျပန်သတင်းတွေက ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အရှေ့တရုတ်ပင်လယ်အတွင်း ကျွန်းပိုင်ဆိုင်မှုနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေ ပြန်ဖြစ်လာပြီး ၄ နှစ်ဆက်တိုက် စစ်အသုံးစရိတ်  တိုးမြှင့်ချိန်နဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေ တိုက်ဆိုင်နေတာပါ။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အခုနှစ်အတွက် စစ်အသုံးစရိတ်ကို အရင်နှစ်ကထက် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၈ ဘီလီယံ အစိုးရကို တောင်းခံထားပါတယ်။ တကယ်လို့ အတည်ပြုဖြစ်ခဲ့ရင်တော့ ဒါဟာ ၁၄ နှစ်အတွင်း ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ကာကွယ်ရေးအသုံးစရိတ် ဖြစ်လာပါမယ်။ တရုတ်နိုင်ငံကလည်း အခုနှစ်မှာ စစ်အသုံးစရိတ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး အမေရိကန်ဒေါ်လာ ၁၃၈ ဒသမ ၃၇ ဘီယီယံ သုံးစွဲဖို့ အတည်ပြုထားပါတယ်။ ဒီတရုတ်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယ စစ်သုံးစရိတ် အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up