A d v e r t i s e m e n t With Us

အိုင်ဖုန်းထဲက ဓာတ်ပုံကို စိတ်ဝင်စားသည့် လူဝံ (ရုပ်သံ)

လူတွေစိတ်ဝင်စားတဲ့ တချို့အကြောင်းအရာတွေကို တိရစ္ဆာန်တွေကလည်း စိတ်ဝင်စားပါတယ်။ ဒီအထဲမှာ ဓာတ်ပုံတွေကို လူဝံတွေက စိတ်ဝင်စားတယ်လို့ ပြောရင် အံ့သြသွားမှာလား။ တိရစ္ဆာန်ရုံတရုံမှာတော့ လူငယ်တဦးက အိုင်ဖုန်းထဲကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို လူဝံကို ပြသရာမှာ လူဝံက စိတ်ဝင်တစားနဲ့ ကြည့်ရှုနေတာကို ဒီရုပ်သံမှာ တွေ့ရမှာ ဖြစ်ပါတယ်။ လူဝံရဲ့ ဓာတ်ပုံအပေါ် စိတ်ဝင်စားမှုကတော့ အံမခန်းပါ။ လူငယ်ပြတဲ့ ဓာတ်ပုံတွေကို ကာထားတဲ့မှန်ကနေ ကြည့်ရင်း နောက်ဆုံးမှာတော့ လူဝံနဲ့ လူငယ်တို့ အခန်းထောင့်တနေရာမှာ မှီပြီး ဓာတ်ပုံတွေကို အတူတကွ ကြည့်ရှုခဲ့ပါတယ်။ ဒီလိုကြည့်နေတဲ့ ဖြစ်ရပ်ကို လာရောက်လည်ပတ်သူတွေက ဓာတ်ပုံရိုက်ယူခဲ့ကြပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ကို ရိုက်ထားတဲ့ ရုပ်သံကို စက်တင်ဘာ ၆ ရက်က ယူကျုမှာ တင်ခဲ့ပြီး ကြည့်ရှုသူ ၁ သိန်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up