မြန်မာ-ထိုင်း ကုန်သွယ်ရေး မြှင့်တင်ရန် နယ်စပ်ဂိတ်များ ထပ်မံဖွင့်လှစ်မည်

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တခုဖြစ်တဲ့ မဲဆောက်-မြ၀တီ ဂိတ်အား မြင်တွေ့ရစဉ်
1.5K
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်ဖို့အတွက် နောက်ထပ် နယ်စပ်ဂိတ် ၃ ဂိတ် မြန်မာအစိုးရက ထပ်ဖွင့်မယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာကို ကိုးကားပြီး ရှင်ဟွာသတင်းက ရေးပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံ တောင်ဖက် တနင်္သာ၇ီတိုင်းမှာ ၂ ဂိတ်၊ အရှေ့ဖက် ကယားပြည်နယ်မှာ ၁ ဂိတ် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေဟာ နောက်ထပ် တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ခုကို တရားဝင် ထပ်ဖွင့်နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဒါပါနဲ့ဆို အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်ဖွင့်လှစ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် ၁၅ ခုထိ ရှိလာမှာဖြစ်ပါတယ်။
လတ်တလော မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ၁၂ ဂိတ် ရှိရာမှာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ဂိတ်က ၄ ဂိတ်၊ ထိုင်းနိုင်ငံနဲ့ ၄ ဂိတ်၊ အိန္ဒိယနိုင်ငံနဲ့ ၂ ဂိတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ၂ ဂိတ် အသီးသီး ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဟာ အဓိကအားဖြင့် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေးကို အားထားနေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး ဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ရဲ့ ဧပြီလမှ သြဂတ်စ်လထိ ပထမ ၅ လမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၉၈ ဘီလျံထိ ရှိပါတယ်။