A d v e r t i s e m e n t With Us

ဆိုင်ကယ်မောင်းသည့်ခွေး နှင့် နောက်မှလိုက်စီးသူ (ရုပ်သံ)

ခွေးတွေ ဆိုင်ကယ်မောင်းမယ်ဆိုရင် ဒီနောက်ကနေထိုင်ပြီး လိုက်စီးရဲတဲ့ သတ္တိရှိပါသလား။ ထိုင်းနိုင်ငံမှာတော့ ခွေးမောင်းတဲ့ ဆိုင်ကယ်ပေါ် သခင်ဖြစ်သူက လိုက်စီးနေတဲ့ ရုပ်သံဖိုင်တခု ပျံ့နှံ့နေပါတယ်။ စက္ကန့် ၄၀ ကြာတဲ့ ရုပ်သံဖိုင်မှာတော့ သခင်က ဆိုင်ကယ်ရှေ့လက်ကိုင်ကို တစုံတရာ ကိုင်ပေးတာမရှိဘဲ ခွေးက ကိုင်ပြီး မောင်းနှင်နေပါတယ်။ ခွေးက ဆိုင်ကယ်ကို တန်းတန်းမောင်းနှင်တာက အထင်ကြီးလောက်စရာရှိပေမယ့်  အရှိန်ကို ဘယ်လိုထိန်းသလဲ ဆိုတာကတော့ တွေးတောစရာ ဖြစ်ပါတယ်။ ရုပ်သံ - asiancorrespondent.com

A d v e r t i s e m e n t With Us

More News
Up