A d v e r t i s e m e n t With Us

ဘန်ကောက် ဗုံးပေါက်ကွဲမှုတွင် လူ ၆ ဦး ပူးပေါင်းပါဝင်

ဘန်ကောက်မြို့လယ်ခေါင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည့် ဧရာဝဏ်ဘုရားကျောင်း
ပြီးခဲ့တဲ့လက လူပေါင်း  ၂၀ သေဆုံးကာ လူ တစ်ရာကျော် ဒဏ်ရာရရှိစေတဲ့  ဘန်ကောက်မြို့ လည် ဧရာဝဏ်နတ်ကွန်းအနီး ပေါက်ကွဲမှုနဲ့ ဆာထောင်းန်လှေဆိပ်အနီး ပေါက်ကွဲမှုမှာ  လူ ၆ ဦး ပူးပေါင်းပါဝင်တယ်လို့ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။ အဆိုပါ လူ ၆ ဦးမှာ - ၁) အီဆန်း အမည်ရှိ တရုတ်နိုင်ငံသား (ဖောက်ခွဲဖို့ စီမံညွှန်ကြားသူ) ၂) ဧရာဝဏ်နတ်ကွန်းမှာ ဗုံးထားခဲ့သူ  တီရှပ်အ၀ါရောင်ဝတ် တရုတ်နိုင်ငံသား ၃) ဆူပါ အမည်ရှိ တရုတ်နိုင်ငံသား ( ဆာထောင်းန်လှေဆိပ်အနီး ဗုံးပစ်ပေါက်ခဲ့သူ ) ၄) နောက်ကျောက်မြို့နယ် ဖူးလ်အနန်တိုက်ခန်းတွင် ဖမ်းဆီးရမိထားသူ  အာဒဲမ် ခါလာဒပ် ၅) နောက်ကျောက်မြို့နယ် ဖူးလ်အနန်တိုက်ခန်းတွင် ငှါးနေပြီး ထွက်ပြေးလွတ်မြောက်နေသူ နီုင်ငံခြားသား တဦး ၆) ကမ္ဘောဒီးယားနယ်စပ် ဆာကျောက်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သူ မိုင်လိုင်လီ ယူစူဖူအမည်ရှိ တရုတ်နိုင်ငံသား စတဲ့သူတွေဖြစ်တယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး ပရ၀စ် ထာဝွန်းက သတင်းထောက်တွေကို ပြောပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့မှ မိုင်လိုင်လီကို တရုတ်၊ အင်္ဂလိပ်၊ ၀ီဂါ စတဲ့ ဘာသာစကား သုံးမျိုးနဲ့ စစ်ဆေးမေးမြန်းရာမှာ သူဟာ ဖောက်ခွဲမှုမှာ ပါဝင်ပတ်သ က်သူဖြစ်ကြောင်း ၀န်ခံခဲ့ ပါတယ်။ မိုင်လိုင်လီ ယူစူဖူရဲ့ ၀န်ခံချက်မှာ ဘန်ကောက် နတ်ကွန်းအနီးပေါက်ကွဲမှုဖြစ်စဉ်မှာ သူ့ကို အိချန်း အမည်ရှိ လူတဦးက အင်တာနက်ကနေ ဓာတုပစ္စည်းတွေ ၀ယ်ယူဖို့ ပြောခဲ့ကြောင်း၊ ဒါ့အပြင် သူဟာ ဗုံးကို ဟိုလမ်းဖုံးရထားဘူတာအနီး ထိုင်ခုံတခုအောက်မှာ သွားချပေးကာ အ၀ါရောင် ၀တ်သူက အိတ်ချင်းလဲလှယ် ယူဆောင်သွားကြောင်း၊ ဒါ့အပြင် သူ့တာဝန်က ပေါက်ကွဲနေတဲ့ ပုံတွေကို မှတ်တမ်း တင်ပြီး အိချန်းကို ပို့ပေးရမှာဖြစ်ပေမယ့် သူ့ကိုရိပ်မိမှာစိုးလို့ အဲဒီအနီးမှာ ကြာကြာမနေ ရဲဘဲ စင်ထရယ်လ်ဝေါလ်ဘက် ထွက်လာတယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းစဉ်မှာ လူ ၆ ဦးလောက် ပါဝင်ပေမယ့် သူတို့ တစ်ဦးနဲ့တစ်ဦး မသိသလို နေရကြောင်း၊ အီဆန်း ဆိုတဲ့လူက ၀ှပ်သ်အ့က်ပ် အပလီကေးရှင်း စနစ်နဲ့ တဦးချင်းဆီကို ဆက်သွယ်ညွှန်ကြား ခဲ့တာလို့ ထွက်ဆိုပါတယ်။ အ၀ါရောင်အင်္ကျီဝတ်ထားသူကတော့ ဖောက်ခွဲရေးကိစ္စပြီးတဲ့နေ့မှာဘဲ သုဝဏ္ဏဘုမိလေဆိပ် ကနေ ပြန်လည်ထွက်သွားပြီဖြစ်ကြောင်း၊ ဒါပေမယ့် တရုတ်ပြည်ကို တိုက်ရိုက်ပြန်တာ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေတဆင့် ပြန်သွားတာလို့ ဆိုပါတယ်။ ညွှန်ကြားသူ အီဆန်း ဆိုသူမှာလည်း ပေါက်ကွဲမှု မဖြစ်ခင် တစ်ရက်အလို သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ထိုင်းနိုင်ငံကနေ ထွက်ခွါသွားပြီလို့  မိုင်လိုင်လီက ထွက်ဆိုပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့က မိုင်လိုင်လီ ယူစူဖူကို ခေါ်ထုတ်လာပြီး  ဖူးလ်အနန်တိုက်ခန်း၊ မိုင်မူနာ ဂါးဒင်းဟုမ်း၊ ဟိုလမ်းဖုန်းဘူတာ၊ စင်ထရယ်ဝေါလ် စတဲ့နေရာ ၄ ခုမှာ သူ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်သရုပ်ပြစေခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကတော့ သူတို့ကို ထိုင်းနိုင်ငံကနေ ထွက်ခွါသွားနိုင်အောင် အားပေးကူညီခဲ့တဲ့ သူတွေကိုလည်း လိုက်လံရှာဖွေ အရေးယူမယ်လို့ ပြောပါတယ်။ ဒါ့အပြင် နောင်ကျောက်မြို့နယ် ဖူးလ်အနန် တိုက်ခန်းမှာ နေထိုင်ခဲ့သူ နိုင်ငံခြားသား အဗ္ဗဒူလ် လော်မန်း (အရပ်အမြင့် ၁၈၀ စင်တင်မီတာ)နဲ့ အရပ် ၁၇၀ စင်တီမီတာ အမြင့်ရှိ အမည်မသိ နိုင်ငံခြားသားတဦးတို့ကိုလည်း မင်ဘူရီခရိုင်တရားရုံးကနေ ဖမ်းဝရမ်း ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဘန်ကောက် ဧရာဝဏ်ဘုရားအနီးနဲ့ ဆာထောင်းန်လှေဆိပ်အနီး ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တရားရုံးကနေ လူပေါင်း ၁၁ ဦးကို ဖမ်းဝရမ်း ထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ကိုးကား - သနေရှင်း၊ ထိုင်းပီဘီအက်စ်

A d v e r t i s e m e n t With Us

More News
Up