A d v e r t i s e m e n t With Us

ရေမစိုဘဲ မိုးရေထဲ ရောက်နေသကဲ့သို့ ခံစားရစေမည့်အခန်း (ရုပ်သံ)

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က ယုဇ်ပြတိုက်မှာ သုံးဘက်မြင်ကင်မရာတွေနဲ့ ဖန်တီး တည်ဆောက်ထားတဲ့ မိုးအခန်းလို့ အမည်ပေးထားတဲ့ ဖန်တီးတင်ဆက်မှု အသစ်တခုကို စတင်လိုက်ပြီလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီအခန်းထဲကို ၀င်လိုက်ပြီ ဆိုရင်တော့ မိုးရေထဲမှာ လျှောက်သွားရသလို ခံစားရမှာဖြစ်ပြီး လာရောက်လည်ပတ်သူတွေကို မိုးရေစိုစေမှာမဟုတ်ဘဲ ငြိမ်းချမ်းတဲ့ ခံစားမှုကို ရရှိစေမယ်လို့ သတင်းက ဆိုပါတယ်။ အခန်းရဲ့မျက်နှာကြက်မှာ တပ်ဆင်ထားတဲ့ သုံးဘက်မြင်ကင်မရာတွေနဲ့ အခန်းတွင်း လာရောက်လည်ပတ်သူတွေကို ခြေရာခံထားပြီး ရေထိစင်ခြင်းမှ ကာကွယ်ထားတာ ဖြစ်ပါတယ်။ အခန်းထဲကို တကြိမ်မှာ လူအယောက် ၂၀ သာ ၀င်ရောက်နိုင်မှာဖြစ်ပြီး တကယ်လို့ အဲဒီထက်ပိုရင်တော့ မိုးရေတွေ ကျလာတော့မှာ မဟုတ်ဘူးလို့ မိုးအခန်းကို တီထွင်သူ ဟန်းစ်ကော့ဂ်ျက ပြောပါတယ်။ ခုလို မိုးအခန်းပြပွဲလိုမျိုးကို လန်ဒန်နဲ့ နယူးယောက်မြို့တွေမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက ပြသခဲ့တာဖြစ်ပြီး ရှန်ဟိုင်းက မိုးအခန်းကတော့ အကြီးဆုံးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လတ်တလောမှာတော့ လာရောက်လည်ပတ်သူတွေကြားမှာ မိုးအခန်းဟာ ရေပန်းစားနေတာဖြစ်ပြီး လူတဦးကို ၀င်ကြေး ယွမ် ၁၅၀ ကျသင့်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up