A d v e r t i s e m e n t With Us

မြင်းဆေး၊ နွားဆေး (ခေါ်) လိင်စိတ်ကြွဆေးသုံးစွဲသူ များလာ

လိင်စိတ်ြကွ​ေစတဲ့​ ​ေကာ်ဖီမစ်
[caption id="attachment_11115" align="alignleft" width="300" caption="လိင်စိတ်ကြွ​စေတဲ့​ ​ကော်ဖီမစ်"][/caption] တရုတ်နယ်စပ်ဘက်က အများ​ဆုံး​ဝင်တဲ့​ လိင်စိတ်ကြွ​ဆေး​တွေကို ​မြေလတ်နယ်ဘက်​တွေမှာ သုံး​တဲ့​သူ​တွေ များ​လာတယ်လို့​ သိရပါတယ်။ ဒေသခံ​တွေအ​ခေါ် မြင်း​ဆေး​၊​ နွား​ဆေး​ ဆိုတဲ့​ လိင်စိတ်ကြွ​စေတဲ့​ ​ဆေး​တွေကို မ​ကွေး​တိုင်း​ထဲက ​ရေနံ​မှော်​တွေ၊​ ​ရွှေ​မှော်​တွေက အလုပ်သမား​တွေ၊​ မြို့​ပေါ်က ​ကျောင်း​သား​လူငယ်​တွေပါ အလွယ်တကူ သုံး​စွဲ​နေကြတာပါ။ ​ပေါ်​ပေါ်တင်တင်​ရောင်း​ချ​နေတာမျိုး​ မဟုတ်ဘဲ သုံး​တဲ့​သူနဲ့​ရောင်း​တဲ့​သူ​တွေ အချင်း​ချင်း​လက်သိပ်ထိုး​ရောင်း​ဝယ်ပြီး​ သုံး​နေကြတာဖြစ်ပါတယ်။ ဒီ​ဆေး​တွေဟာ တရုတ်နိုင်ငံကလာတဲ့​ ​ဆေး​တွေဖြစ်ပြီး​ လူ​တွေသုံး​စွဲဖြစ်​နေကြပုံကို မ​ကွေး​တိုင်း​၊​ စကုမြို့​က အငြိမ်း​စား​ကျောင်း​အုပ်ဆရာကြီး​တဦး​က ခုလို ​ပြောပြပါတယ်။ “သူများ​က မင်း​ဒါလုပ်ကြည့်​ပါလား​၊​ ​ကောင်း​တယ်ကွဆို​တော့​ လုပ်ကြည့်​ရာက​နေ ထပ်ခါထပ်ခါ သုံး​ဖြစ်သွား​တာ​ပေါ့​။ စမ်း​သုံး​ကြည့်​ရာက​နေ ပုံ​သေဖြစ်သွား​တာ​ပေါ့​။ အဲဒါက တဖက်နိုင်ငံက စီး​ပွား​ရေး​အရ ​သောင်း​ကျန်း​လာပြီ။ အဲဒါကို မသိနား​မလည်တဲ့​ က​လေး​တွေက ပညာကလည်း​ နိမ့်​တယ်၊​ အသိကလည်း​မရှိ၊​ စူး​စမ်း​တာလည်း​ပါ။ အဲ​တော့​ အန္တရာယ်ကို ​တွေး​ခေါ်​မြော်မြင်ပြီး​တော့​ မ​ကြောက်တဲ့​ခေတ်။” အသက်နှစ်ဆယ်အရွယ် လူငယ်​တွေအများ​စုနဲ့​ တချို့​အိမ်​ထောင်ရှင်​တွေလည်း​ သုံး​နေကြတယ်လို့​ ​ပြောပါတယ်။ ရန်ကုန်နဲ့​မန္တ​လေး​မြို့​တွေမှာ ပြီး​ခဲ့​တဲ့​လထဲ အဲဒီ လိင်စိတ်ကြွ​စေတဲ့​ ​ဆေး​တွေ၊​ ​ကော်ဖီမစ်ထုပ်​တွေကို သက်ဆိုင်ရာက ဖမ်း​တာ​တွေရှိခဲ့​ပြီး​ အခုလို ​မြေလတ်​ဒေသဘက်မှာပါ သုံး​စွဲ​နေကြတဲ့​သတင်း​ ထွက်လာတာပါ။ ဒေသခံ​တွေအဆိုအရ လိင်စိတ်ကြွ​စေတဲ့​ဆေး​တွေ သုံး​လာကြတာ ​လေး​ငါး​ခြောက်လ​လောက် ရှိပြီလို့​ ဆိုပါတယ်။ ​ဆေး​တထုပ်ကို ကျပ်ငါး​ရာက​နေ တ​ထောင်​လောက်ပဲရှိတာမို့​ အလွယ်တကူဝယ်ယူ စမ်း​သပ်သုံး​နေကြတာလည်း​ ဖြစ်ပါတယ်။ အထူး​သဖြင့်​နယ်ဘက်က လူ​တွေ စမ်း​သပ်သုံး​စွဲ​နေကြတာများ​တာမို့​ ​ရေရှည်မှာ ​နောက်ဆက်တွဲ ကျန်း​မာ​ရေး​ပြသနာ​တွေ ကြုံ​တွေ့​လာနိုင်ပါတယ်။ လိင်စိတ်ကြွ​စေတဲ့​ ​ဆေး​ဝါး​ထုပ်အများ​စုဟာ တရုတ်နယ်စပ်လမ်း​ကြောင်း​က​နေ ဝင်​နေတာမို့​ ထိထိ​ရောက်​ရောက်တား​ဆီး​ဖို့​ လို​နေပြီလို့​ မန္တ​လေး​ဒေသခံ ကုန်သည်တဦး​က ခုလို​ပြောပါတယ်။ “အဲဒါ​တွေက တရား​မဝင်ဝင်လာတာ​လေ။ တရား​မဝင် လမ်း​ကြောင်း​တွေကို ပိတ်ဖမ်း​မှပဲ ​အေး​မှာ။ အခုက အဖမ်း​ပြတဲ့​သ​ဘော​လောက်ပဲ ရှိ​သေး​တာ။ ကျန်တဲ့​အပိုင်း​က ဒီထက်မကတဲ့​ ပစ္စည်း​တွေအများ​ကြီး​ပဲ။ ရန်ကုန်နဲ့​ မန္တ​လေး​ မြို့​ကြီး​လောက်ပဲ လုပ်ပြ​နေတာ။ တခြား​နယ်​တွေမှာ အသိပညာက ကျ​နော်တို့​ထက်လည်း​ ပို​ဝေး​တယ်။ ပြီး​ရင် အသုံး​လည်း​များ​နေတာ။ တကယ်တမ်း​ ထိထိ​ရောက်​ရောက် နှိမ်နင်း​ချင်ရင် ကုန်သွယ်​ရေး​ ထွက်​ပေါက်​တွေက​နေပြီး​တော့​ တရား​မဝင်တဲ့​ ဟာ​တွေကို စိစစ်ပြီး​ဖမ်း​ရုံပဲရှိတာ။ အဲဒါ​တွေ​တော့​ မဖမ်း​ဘဲ ဒီတိုင်း​ပစ်ထား​တာ။” လိင်စိတ်ကြွ​စေတဲ့​ ​ဆေး​ထုပ်​တွေ၊​ ​ကော်ဖီမစ်ထုပ်​တွေ၊​ ပီ​ကေ​တွေကို တရုတ်နဲ့​အိန္ဒိယနိုင်ငံက ထုတ်လုပ်ပြီး​ မြန်မာပြည်ထဲကို နယ်စပ်လမ်း​ကြောင်း​တွေက​နေ တရား​မဝင်တင်သွင်း​လာကြတာပါ။

A d v e r t i s e m e n t With Us

More News
Up