ဆွစ်ဇာလန်နှင့် ကစားမည့်ပွဲတွင် အင်္ဂလန်အတွက် ရွန်နီ ဂိုးသွင်းရန် မျှော်လင့်

ဓာတ်ပုံ - ရိုက်တာ
2.8K
တိုက်စစ်မှူး ရွန်နီ အနေနဲ့ ဆွစ်ဇာလန်နဲ့ ကစားမယ့် ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ အင်္ဂလန်အတွက် ဂိုးပေါင်း ၅၀ မြောက်ဂိုးကို သွင်းယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နည်းပြ ရွိုင်း ဟော့ဆန်က ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်နဲ့ ဆွစ်ဇာလန်အသင်းတို့ဟာ ဒီညမှာ ၈ ပွဲမြောက် ယူရိုခြေစစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။
အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီဟာ လက်ရွေးစင်အသင်းအတွက် ၄၉ ဂိုး သွင်းထားပြီး ဘော်ဘီ ချာလ်တန် တင်ထားတဲ့ ဂိုးသွင်းစံချိန်ကို အမီလိုက်နိုင်ထားပါတယ်။ ဒါကြောင့်လည်း နည်းပြက ရွန်နီအနေနဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ သွင်းဂိုး ၅၀ ပြည့်ဖို့ မျှော်မှန်းနေတာ ဖြစ်ပါတယ်။
အုပ်စု အီး မှာ ပါဝင်နေတဲ့ အင်္ဂလန်အသင်းဟာ ကစားပြီးတဲ့ ၇ ပွဲစလုံး အနိုင်ရထားလို့ ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်ပါတယ်။