A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ ခြေစစ်ပွဲ စကော့တလန် ၂ ဂိုး – ၃ ဂိုး ဂျာမနီ (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု ဒီ မှာ ဂျာမနီက စကော့တလန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဂျာမနီအသင်းဟာ ဒီပွဲမှာ တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့တာပါ။ ဂျာမနီအတွက် အနိုင်ဂိုးတွေကို မူလာက ၂ ဂိုးနဲ့ ဂန်ဒိုဂန်က ၁ ဂိုး သွင်းယူတာ ဖြစ်ပြီး အခုပွဲရဲ့ အကောင်းဆုံးဆုကို တိုက်စစ်မှူး သောမတ် မူလာက ရရှိသွားပါတယ်။ ဒီပွဲနိုင်လိုက်လို့ ဂျာမနီဟာ အုပ်စုတွင်းမှာ ၁၉ မှတ်နဲ့ ဦးဆောင်နေပြီး ခြေစစ်ပွဲ အောင်မြင်ဖို့ လက်တကမ်းအကွာကို ရောက်ရှိသွားပါတယ်။ စကော့တလန်ကတော့ အုပ်စုတွင်းမှာ ၁၁ မှတ်ပဲ ရသေးလို့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ခြေစစ်ပွဲအောင်ဖို့ အလှမ်းဝေးသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up