Home
သတင်းဓာတ်ပုံ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မသန်စွမ်းသူများအဖွဲ့ စုပေါင်းသစ်ပင်စိုက်
DVB
·
September 8, 2015
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောရေးရာဦးစီးဌာနနဲ့ မသန်စွမ်းသူများအဖွဲ့တို့ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းကောင်စီ အထွေထွေအတွင်းရေးမှူး ဦးညွန့်အောင်က “အဓိကအားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရေကြီးရေလျှံတာ၊ ချင်းပြည်နယ်မှာ တောင်ပြိုတာ၊ ရွှံ့နွံတွေ ဖုံးလွှမ်းတာတွေ ဖြစ်ခဲ့ပါတယ်။ ပဲခူးရိုးမက ဆင်တွေ နေရာပြောင်းရွှေ့တာတွေက သစ်တောသစ်ပင်တွေ အလွန်အကျွံ ပြုန်းတီးနေပြီဆိုတဲ့ သတိပေးလက္ခဏာ ဖြစ်ပါတယ်။ မြေဆီလွှာတွေ တိုက်စားလို့ သစ်ပင်၊ သစ်ရွက်၊ သစ်ကိုင်းတွေ အကာအကွယ်မရှိလို့၊ မိုးရေတွေကို ထိန်းသိမ်းမထားနိုင်လို့ ရေကြီးရေလျှံတာနဲ့ တောင်ပြိုတာတွေ ဖြစ်ပါတယ်။ သစ်တော သစ်ပင်တွေ အမြန်အစားထိုးစိုက်ရန် လိုအပ်နေပြီဆိုတာ အများသူငါ သတိပြုလာစေဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ရေဘေးအန္တရာယ်ကျရောက်ရင် မသန်စွမ်းသူတွေက အများပြည်သူတွေထက် ပိုမို ဒုက္ခရောက်ပါတယ်။ ဒါကြောင့် မိမိတို့ နီးစပ်ရာ ဒေသမှာ စတင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။” လို့ သစ်ပင်စိုက်ပျိုးရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။ အဲဒီအခမ်းအနားမှာ မသန်စွမ်းသူတွေ၊ မိဘတွေ အပါအ၀င် စုစုပေါင်း ၂၅၀ ခန့် စုပေါင်းပြီး ၆ မိုင် မြို့ချောင်း - စိန့်ကန့်လန့် ရိုးမဖြတ်ကားလမ်း ပဲခူးရိုးမပေါ်မှာ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ယမနေနဲ့ ကံကော်ပျိုးပင် ၁၅၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ သတင်းဓာတ်ပုံ - ဦးညွန့်အောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024