မြန်မာ – နယူးဇီလန် ခြေစမ်းပွဲ ၁ ဂိုးစီသရေကျ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
မြန်မာ့လက်ရွေးအသင်းနဲ့ နယူးဇီလန် အသင်းတို့ရဲ့ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲစဉ်ဟာ တဘက် တဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ပွဲစတာနဲ့ နယူးဇီလန်အသင်းက တိုက်စစ်ဆင်ခဲ့ပြီး ငါးမိနစ်အတွင်း ထောင့်ကန်ဘော သုံးကြိမ်အထိ ရရှိခဲ့ပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်းမှာ တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်ခဲ့ရပြီး ပွဲချိန် ၃၆ မိနစ်မှာ အောင်သူရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး ကျော်ကိုကို ဂိုးသမားနဲ့ တဦးချင်း ကန်သွင်းခွင့် ရခဲ့ပေမယ့် အသုံးမချနိုင်လို့ ဂိုးရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာ နယူးဇီလန်အသင်း ပယ်နယ်တီကတဆင့် ဂိုးသွင်းယူပြီး ပထမပိုင်းအပြီးမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး လူစားလဲမှု ပြုလုပ်ခဲ့ပြီး အောင်သူနဲ့ နေလင်းထွန်းတို့အစား သန်းပိုင်နဲ့ ရဲကိုဦးတို့ ၀င်ရောက်ကစားခဲ့ပါတယ်။ လူစားလဲပြီးနောက် မြန်မာအသင်းကစားပုံ ပိုကောင်းလာပြီး နယူးဇီလန်အသင်းဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ မြန်မာအသင်း ကွင်းလယ်ကစားသမား သီဟဇော်က ဂိုးဧရိယာ အပြင်ဘက်ကနေ ကန်သွင်းပြီး မြန်မာအသင်းအတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။ လက်ကျန် မိနစ်တွေအတွင်း နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေ ရပေမယ့် အသုံးမချနိုင်လို့ တဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ မြန်မာနဲ့ နယူးဇီလန် ခြေစမ်းပွဲကနေ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အတွက် အလှူငွေနဲ့ ကွင်းဝင်ကြေး ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်နဲ့ ဒေါ်လာ ၅၀၀၀ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up