A d v e r t i s e m e n t With Us

တမူးမြို့နယ် ပစ်ခတ်မှု လူသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ်ဆေးရုံမှာ သေနတ်ဒဏ်ရာနဲ့အမည်မသိ အလောင်း တလောင်းရောက်ရှိလာပြီး အဲဒီအလောင်းကို တမူးမြို့နယ်ရဲတပ်ဖွဲ့က သင်္ဂြိုလ်လိုက် ကြောင်း ဆေးရုံတာဝန်ကျဆရာမတဦးက ပြောပါတယ်။ “တနေ့ကတော့ သေနတ်ဒဏ်ရာနဲ့ တယောက်ယောက်တယ်။ အသေကောင်နဲ့ အဲဒါပဲ။ စနေနေ့က ရောက်တာ။ ဘယ်ကနေ သယ်လာလာတာလဲတော့မသိဘူး။ ရဲတွေက လာပို့ပြီးတော့ ရဲတွေပဲ သင်္ဂြိုလ်လိုက်တယ်။ ရဲတွေဆီမှာလည်း ဘာမှ မေးလို့ရဘူး။ နာမည်လည်း မသိဘူး၊ Unknown (ဘယ်သူဘယ်ဝါမသိ) လို့ပဲရေးထားတာပဲတွေ့တယ်။ ရဲတွေကလာပို့ပြီး ရဲတွေပဲ လာထုတ်သွားတာ။ ” ဒီကိစ္စနဲ့ပတ်သက်ပြီး တမူးမြို့နယ် ရဲစခန်းကို ဒီဗွီဘီက မေးမြန်းရာမှာတော့ ဖြေဆိုခွင့်မရှိကြောင်းသာ ပြောပါတယ်။ ဒီဗွီဘီကနေ ရရှိထားတဲ့သတင်းအရ တမူးမြို့နယ် ကွန်းတောင်းကျေးရွာအနီး မြန်မာနိုင်ငံပိုင် ကားလမ်းမပေါ်မှာ အန္ဒိယနိုင်ငံမိုးရေးမြို့အတွင်း တပ်စွဲထားတဲ့ ကွန်မန်ဒိုတပ်သားတွေက ဝင်ရောက်တိုက်ခိုက်မှုကြောင့်လူ ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးသလို တိုင်းဒေသကြီးအစိုးရနဲ့ ပြည်ထောင်စုအစိုးရဘက်ကလည်း တစုံတရာ ထုတ်ပြန်ခြင်းမရှိပါဘူး။ တမူးမြို့ခံတဦးကတော့ အိန္ဒိယ-မြန်မာနယ်စပ်မှာ ကသည်းတပုန်တွေ အခြေပြုနေပြီး မကြာခဏဆိုသလို ချောင်းမြောင်းပစ်ခတ်မှုတွေရှိတယ်လို့ ပြောပါတယ်။ “အိန္ဒိယနယ်စပ်ကတော့ ကျနော်တို့ လက်လှမ်းမမီဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ နယ်က ချင်းတို့ကသည်းတို့က ဒါမျိုးက ခဏခဏ ချောင်းပစ်တာလို့ ဘာပစ်တာတို့ရှိတာပေါ့။ ဟိုလို တိုက်ပွဲ အကြီးအကျယ်မျိုးကတော့ မရှိပါဘူး။ ဟိုဖက်ခဏခဏဖြစ်တယ်။ ညပိုင်းတခါတခါကျရင် အသံလည်း ကြားနေရတယ်။” တမူးမြို့ အပါအ၀င် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ ကသည်းသူပုန်လှုပ်ရှားမှုတွေ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up