A d v e r t i s e m e n t With Us

မိုးများမှုကြောင့် လယ်သမားများ၏ မျိုးစပါးပျက်စီး

ပြီး​ခဲ့​တဲ့​ အပတ်​လောက်ကစပြီး​ မိုး​သည်း​ထန်စွာရွာသွန်း​မှု​တွေ​ကြောင့်​ ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ်အတွင်း​မှာ မျိုး​စပါး​တွေ ​ရေ​မျော ပျက်စီး​ကုန်တယ်လို့​ ဘိုက​လေး​မြို့​ခံတဦး​က ​ပြောပါတယ်။ မိုး​များ​ပြီး​ ပင်လယ်​ရေတက်လာတဲ့​အပြင် လှိုင်း​ပုတ်တာ​ကြောင့်​လည်း​ မျိုး​စပါး​တွေ ပျက်စီး​ရတာဖြစ်ပါတယ်။ ​ဒါ​ကြောင့်​ လယ်သမား​တွေ စပါး​မျိုး​ရှာပြီး​ စပါး​ပြန်ပျိုး​ရသလိုး​ မျိုး​ထပ်မဝယ်နိုင်တဲ့​ လယ်သမား​တွေက​တော့​ အခက်​တွေ့​နေကြတယ်လို့​ အဲဒီဘိုက​လေး​မြို့​ခံ လယ်သမား​က ​ပြောပါတယ်။ “မိုး​ကကြီး​လာ​တော့​ ​ရေက​အောက်​ရေ တက်လာတယ်။ လယ်သမား​တချို့​တော့​ ​ပြေး​ကြတယ်။ ပြီး​ခဲ့​တဲ့​ရက်​တွေက ​နေ့​တိုင်း​လိုလိုရွာ​နေတာ။ မျိုး​တွေက လှိုင်း​ပုတ်လို့​ အ​ပေါ်ကို​မျောတာတို့​ အဲဒါမျိုး​ပျက်စီး​တာတို့​၊​ လှိုင်း​ပုတ်​တော့​ အမြစ်က ​ရေ​ပေါ်ပြီး​တော့​ ​မျောသွား​တာ​တွေရှိတယ်။ ​နောက် သဘာဝ​ဘေး​အန္တရာယ်နဲ့​ ပျက်စီး​တာ​တွေရှိတာ​ပေါ့​။ ပျက်စီး​သွား​တာ​တွေကို မျိုး​ပြန်ချဖို့​ပြန်လုပ်ရတာပဲ။ မျိုး​စပါး​စေ့​ကလည်း​ ​ဈေး​ကြီး​တယ်။ တတ်နိုင်တဲ့​လူက​တော့​ မျိုး​စပါး​စေ့​ကိုဝယ်ပြီး​ မျိုး​ထောင်ကြတာ​ပေါ့​။ မတတ်နိုင်တဲ့​လူက​တော့​ ဒီတိုင်း​ပဲ ကြည့်​နေရတာ​ပေါ့​။” ဘိုက​လေး​မြို့​နယ်အတွင်း​က ပင်လယ်နဲ့​နီး​တဲ့​ ​ဒေသ​တွေဖြစ်တဲ့​ ကွမ်း​သီး​ချောင်း​၊​ စပ်စု နဲ့​ ကတုံး​ကျွန်း​ စတဲ့​ ​ဒေသ​တွေမှာ ပျက်စီး​မှုများ​တယ်လို့​ သူက ဆက်​ပြောပါတယ်။ ဧရာဝတီတိုင်း​ လပွတ္တာ၊​ ​မော်ကျွန်း​ စတဲ့​ဒေသ​တွေမှာ အလား​တူပြဿနာမျိုး​ ရင်ဆိုင်​နေရပါတယ်။ လက်ရှိအ​ခြေအ​နေမှတာ​တော့​ မျိုး​စပါး​ ၄ ပုံတပုံ ​လောက်ပျက်စီး​နေပြီလို့​ ဘိုက​လေး​မြို့​ခံက ​ပြောပါတယ်။

မိုး​များ​မှု​ကြောင့်​ လယ်သမား​များ​၏ မျိုး​စပါးပျက်စီး

A d v e r t i s e m e n t With Us

More News
Up