A d v e r t i s e m e n t With Us

တိုက်ရိုက် တင်ဆက်နေစဉ် ပိုးကောင်ကြောင့် တုန်လှုပ်သွားသည့် သတင်းထောက်

ရုပ်သံမှာ တိုက်ရိုက်သတင်းတင်ဆက်နေတဲ့ အချိန် တခုခု အနှောင့်အယှက် ကြုံရင် သတင်းထောက်တွေ ဘယ်လို ပြင်ဆင်ကြမှာပါလဲ။ ဖောက်စ် သတင်းဌာနက မိုးလေ၀သတင်းတင်ဆက်သူ ဘရက်ဝေလ်းကလည်း သတင်းတင်ဆက်နေစဉ် အနှောင့်အယှက်တခုကြုံခဲ့ရပြီး သူရဲ့ တုံ့ပြန်မှုက လူအများကို ပွဲကျသွားစေပါတယ်။ ဆန်ဒီယေဂို ဧရိယာက ပြင်းထန်တဲ့ အပူချိန်အကြောင်း ရုပ်သံကနေ တိုက်ရိုက်တင်ဆက်နေ စဉ်မှာ ပိုးကောင်တကောင်က သူခေါင်းဆီပျံသန်းလာပါတဲ့ အတွက် အလန်တကြား ထအော်မိသွားပါတယ်။ ဒါပေမယ့်လည်း အင်းဆက်ပျံသွားပြီးတဲ့နောက်ပိုင်း သူ့အလုပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တယောက်လို အလုပ်ကို အနှောင့်အယှက်မရှိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up