A d v e r t i s e m e n t With Us

နယူးဇီလန်နှင့် ကစားမည့် မြန်မာအသင်း အပြောင်းအလဲလုပ်ထား

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ရေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ နယူးဇီလန် ဘောလုံးလက်ရွေးစင်အသင်းတို့ ဒီကနေ့ စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီ ရန်ကုန် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ [caption id="attachment_111072" align="alignleft" width="428"]ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ် ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်[/caption] နယူးဇီလန်အသင်းနဲ့ ကစားမယ့် မြန်မာအသင်း ပွဲထွက်လူစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားရာမှာ (ဂိုး) ကျော်ဇင်ဖြိုး၊ (နောက်တန်း) ကျော်ဇင်လွင်၊ ဇော်လင်း၊ ဖြိုးကိုကိုသိန်း၊ နန္ဒကျော်၊ (အလယ်တန်း) ရန်အောင်ကျော်၊ ကျော်မင်းဦး၊ နေလင်းထွန်း၊ အောင်သူ၊ သီဟဇော်၊ (ရှေ့တန်း) ကျော်ကိုကိုတို့ ပါဝင်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲမှာ  ကူဝိတ်အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မြန်မာအသင်းနည်းပြ အဗရာမိုဗစ်ခ်ျကတော့ နယူးဇီလန်နဲ့ ကန်မယ့်အသင်းကို အပြောင်းအလဲ လုပ်ထားတယ်လို့ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ "ကစားသမား အနည်းငယ် ပြောင်းလဲ အသုံးပြုမှာပါ။ ကျနော့်အနေနဲ့လည်း မြန်မာ ယူ ၂၀၊ ယူ ၂၃ အသင်းက ကစားသမားတွေကို ရွေးချယ်ခေါ်ယူပြီး အသင်းကောင်း တသင်းအဖြစ် စုစည်းနေဆဲပါ။ အခုအနေအထားမှာ ဘယ်နည်းပြပဲ လာလုပ်လုပ် ကူဝိတ်နဲ့ပွဲလို ရလဒ်မျိုး ခပ်ဆင်ဆင် ပေါ်ထွက်လာမှာပါပဲ။ အရမ်းရလဒ်ဆိုးနေတဲ့ နည်းပြတယောက်ကို ဆက်ပြီး တာဝန် ပေးသင့်မသင့် ဆုံးဖြတ်တာက ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးအဖွဲ့ချုပ်တွေတိုင်းက ဆုံးဖြတ်ကြတာချည်းပါပဲ။ ကျနော်ကိုယ်တိုင် ဆုံးဖြတ်လို့ မရပါဘူး။ အရင် တာဝန်ယူခဲ့တဲ့ စင်ကာပူအသင်းမှာ ရှိစဉ်ကလည်း ဒီလိုပဲ အီရန်၊ အိုမန်တို့ကို ၇ ဂိုးပြတ် ရှုံးဖူးတယ်။ အချိန်တခု ရလာတဲ့အခါမှာတော့ ကျနော်က စင်ကာပူကို ဆူဇူကီးဖလား ၃ ကြိမ်တိုင် ယူပေးနိုင်ခဲ့ပါတယ်။" နယူးဇီလန်နည်းပြ ဟတ်ဆန်ကတော့ "မြန်မာအသင်းပွဲကို ကျနော်တို့ ကြည့်ထားခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်ကို မပြောလိုပါဘူး။ လေးလေးစားစားပဲ ယှဉ်ပြိုင်သွားမှာပါ။ မြန်မာပြည် ရောက်တဲ့အခါမှာ ကောင်းကောင်း လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ခြေစမ်းပွဲက ကျနော်တို့အတွက် အကျိုးရှိမှာပါ။ အသင်းမှာ ယူ ၂၀ ကစားသမားတွေ ပါလာတယ်။ ဒီညမှာ မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ပွဲထွက်စာရင်းကို ရွေးထုတ်သွားမှာပါ။" လို့ မီဒီယာတွေကို ပြောတဲ့အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုကွန်ရက်မှာ ရေးပါတယ်။ ဒီကနေ့ညနေ မြန်မာနဲ့ နယူးဇီလန်ပွဲမစမီ မြန်မာ့လက်ရွေးစင်ဟောင်းအသင်းနဲ့ ရုပ်ရှင်နဲ့ အဆိုတော်တွေ ပါဝင်တဲ့ အနုပညာရှင်များ အသင်းတို့ရဲ့ အထူးခြေစမ်းဘောလုံးပွဲနဲ့ တခြားဖျော်ဖြေရေး အစီအစဉ်တွေလည်း ပြုလုပ်သွားဖို့ရှိပြီး ရရှိတဲ့ ကွင်းဝင်ကြေးတွေကို ရေဘေး ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up