လူဝံ နှင့် တူတူပုန်းတမ်းကစားသည့် ၂ နှစ်သား ကလေးငယ် (ရုပ်သံ)
တဦးကလူ၊ တဦးက လူဝံ ကွဲပြားခြားနားပေမယ့်လည်း သူတို့ ၂ ဦးက တူတူပုန်းတမ်းကို အတူကစားခဲ့ပါတယ်။
ကိုလံဘတ်စ် တိရစ္ဆာန်ရုံမှာ ၂ နှစ်သား ကလေးငယ်က ကမ်မိုလီလို့ခေါ်တဲ့ လူဝံနဲ့ တူတူပုန်းတမ်းကစားတဲ့ ချစ်စဖွယ်ရုပ်သံကို အမေက လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပါတယ်။
မှန်နံရံတွေ ကာရံထားပေမယ့်လည်း ကလေးလေးက လူဝံနဲ့ တူတူပူတမ်းကို ပျော်ရွှင်စွာ ကစားခဲ့ပါတယ်။
ကစားလို့အပြီး မောသွားတဲ့ ကလေးက ဂွတ်ဘိုင်လို့ နှုတ်ဆက်ပြီး လမ်းခွဲသွားတယ်လို့ ဆိုပါတယ်။