အီတလီတွင် အကြီးဆုံး မိုးသီးကျမှု စံချိန်တင်ပြီး လူတချို့ ဒဏ်ရာရ (ရုပ်သံ)
အီတလီအနောက်ပိုင်းက ကမ်းခြေမြို့တမြို့ဖြစ်တဲ့ နေပယ် Naples မြို့မှာ စက်တင်ဘာလ ၅ ရက်နေ့က စားပွဲတင်တင်းနစ်ဘောလုံးအရွယ် မိုးသီးတွေကျလို့ မြို့ခံတချို့ ဒဏ်ရာရရှိခဲ့ကြပြီး ကားတွေလည်း ပျက်စီးခဲ့ပါတယ်။
မိုးသီးအရွယ်အစားဟာ အချင်း ၅ စင်တီမီတာကျော်တဲ့အတွက် အိမ်တံခါးမှန်တွေ၊ အုတ်ကြွပ်မိုးတွေနဲ့ ကားမှန်တွေကွဲခဲ့ပြီး နေပယ်မြို့ခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။
မိုးသီးအကြီးဆုံးအရွယ်ဟာ ၈ စင်တီမီတာလောက်အထိတောင်ရှိတဲ့အတွက် နေပယ်မြို့မှာ မိုးသီးကျခဲ့တဲ့မှာ အကြီးဆုံးမိုးသီးစံချိန်တင် သွားတယ်လို့ ဒေသခံမိုးလေ၀သ၀က်ဆိုဒ်က ဖော်ပြပါတယ်။ ၁၅ နှစ်အတွင်း နေပယ်မြို့မှာ အပြင်းထန်ဆုံး မုန်တိုင်းကျရောက်ခဲ့တာလို့လည်း ဆိုပါတယ်။