စိတ်ကြွဆေးနှင့် မူးယစ်ဆေး သိန်း ၁၉၀၀ ကျော် ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
September 7, 2015
မန္တလေး-မြစ်ကြီးနား ရထားလမ်း (ပင်ဝယ်နဲ့ မော်လူးဘူတာကြား) မိုင်တိုင်အမှတ် ၅၉၇/၁၃-၁၄ ကြားမှာ စက်တင်ဘာ ၅ ရက် မနက် ၇ နာရီ မိနစ် ၂၀ က အမည်မသိ အမျိုးသား ၄ ယောက် အ၀ါရောင် ပလပ်စတစ်ပုံး ၅ ပုံး ဆွဲလာတာကို ခလရ(၂၇)တပ်ရင်း ကင်းလှည့်အဖွဲ့မှ စစ်ဆေးတားဆီးရာမှာ
ပုံးတွေ ပစ်ချထွက်ပြေးသွားခဲ့တာကြောင့် ပုံးတွေကို စစ်ဆေးရာကနေ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ မှုန့် ကာလတန်ဖိုး ကျပ်သိန်း ၁၆၀၀ ကျော် (၁၆၁ ၃၀၀ ၀၀၀)နဲ့ ကမ္ဘာလုံးတံဆိပ်ပါ ပလပ်စတစ်အိတ်တွေနဲ့ ထုပ်ထားတဲ့ (88)နဲ့ (I) စာတမ်းပါ အနီရောင်စိတ်ကြွဆေးပြားများ ကာလတန်ဖိုး သိန်း ၃၄၀ ကျော် ( ၃၄ ၇၅၀ ၀၀၀) တို့ကို ပိုင်ရှင်မဲ့ ဖမ်းမိသိမ်းဆည်းခဲ့ပါတယ်။ မော်လူးနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ထွက်ပြေးသွားသူ (၄)ယောက်ကိုလည်း ဖမ်းမိနိုင်ဖို့ ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
သတင်းဓာတ်ပုံ - ခင်ဆွေ