ဗန်ဂိုး အောက်မေ့ဖွယ် နေကြာပန်း ၀င်္ကဘာ (ဓာတ်ပုံ)

နေကြာပန်းပွင့်ပေါင်း ၁၂၅၀၀၀ နဲ့ ပြုလုပ်ထားတဲ့ အောက်မေ့ဖွယ် ပန်းဝင်္ကဘာတခုကို အမ်စတာဒမ်မြို့က ဗန်ဂိုးပြတိုက် ၀င်ပေါက်သစ်ရှေ့ ရင်ပြင်မှာ စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဗန်ဂိုးကွယ်လွန်ပြီး ၁၂၅ နှစ်အကြာမှာ အောက်မေ့ဖွယ်ပြုလုပ်ခြင်းဖြစ်တာမို့ ဒီကိန်းဂဏန်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။ အဲဒီနေကြာပန်းဝင်္ကဘာကို ပြီးခဲ့တဲ့ သီတင်းပတ်က အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်လေ့လာသူတွေ အနေနဲ့ အပြန်မှာ အဲဒီနေကြာပန်းပွင့်တွေကို သယ်ယူခွင့်ပြုခဲ့တယ်လို့ ဒတ်ခ်ျသတင်းတပုဒ်က ဆိုပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  

More News
Up