A d v e r t i s e m e n t With Us

ဇနီးနှင့်သား ကို ၆ နှစ်ကြာအောင် ပိတ်လှောင်ခဲ့သည့် အမျိုးသားကို ရဲ ဖမ်းဆီး

အက်ဂါဒို အိုဗီဒို(လယ်) ကို ဖမ်းဆီးခေါ်ဆောင်လာစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အာဂျင်တီးနား အမျိုးသားတယောက်ဟာ သူ့ဇနီးနဲ့ သားကို အိမ်ထဲမှာ ၆ နှစ်ကြာအောင် ပိတ်လှောင်ထားတယ်လို့ စွပ်စွဲခံရပြီး ရဲက ဖမ်းဆီးထားပါတယ်။ အသက် ၆၆ နှစ်အရွယ် အက်ဂါဒို အိုဗီဒို ဆိုတဲ့ အမျိုးသားဟာ သူ့ဇနီးနဲ့ သားကို သူ့အိမ်အနောက်ဘက်က အခန်းလေးတခုမှာ လှောင်အိမ်ထဲ ထည့်ပြီး အပြင်ကနေ သော့ခတ်ထားတယ်လို့ ဆိုပါတယ်။ သူတို့နေထိုင်တဲ့ မာဒီ မလာတာဆိုတဲ့ ကမ်းခြေမြို့ဟာ ဘူနော့စ်အဲရစ်မြို့ရဲ့ အနောက်ပိုင်း ကီလိုမီတာ ၄၀၀ အကွာမှာ ရှိပါတယ်။ သူတို့လင်မယားက မွေးတဲ့ တခြားသားတွေကလည်း အနားမှာပဲ နေထိုင်ကြပြီး သူတို့ထဲက တယောက်က ရဲကို သတင်းပေးတဲ့အတွက် ရဲအဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရဲတွေ ရောက်သွားတဲ့အချိန်မှာ အခန်းထဲမှာ မစင်တွေနဲ့ ခွေးစာတွေကို ထည့်ထားတဲ့ အိတ်တွေကို တွေ့ခဲ့ရပါတယ်။ သားဖြစ်သူက အသက် ၃၂ နှစ်အရွယ် ဖြစ်ပြီး အမေရော၊ သားပါ စိတ်ဝေဒနာသည်တွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အာဂျင်တီးနား သတင်းစာတစောင်မှာ ဖော်ပြချက်အရ အိုဗီဒိုရဲ့ ဆွေမျိုးသားချင်းတွေက အရင်ကတည်းက သိခဲ့ပေမယ့် အိုဗီဒိုက ရန်ရှာမှာကို စိုးရိမ်တာကြောင့် ရဲကို မတိုင်ရဲခဲ့ကြဘူးလို့ ဆိုပါတယ်။ အခုတော့ နှစ်ရှည် ပိတ်လှောင်ခံခဲ့ရတဲ့ သားအမိကို ဆေးရုံပို့ထားပြီး ကုသပေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up