A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ ခြေစစ်ပွဲ ဝေးလ်အသင်း သရေကျ၊ ဘယ်လ်ဂျီယံ နိုင်

ဝေးလ်နှင့် အစ္စရေးတို့ ယှဉ်ပြိုင်နေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စု ဘီ ပွဲစဉ်တွေမှာ ဝေးလ်အသင်းက အစ္စရေးနဲ့ ဂိုးမရှိ သရေကျပြီး ဘယ်လ်ဂျီယံက ဆိုက်ပရပ်စ်ကို တဂိုးတည်းနဲ့ အနိုင်ရသွားပါတယ်။ ဝေးလ်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်သလို ဂိုးပေါက် ခြိမ်းခြောက်မှုလည်း ၁၇ ကြိမ်အထိ လုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲ သရေကျပေမယ့်လည်း ဝေးလ်အသင်းဟာ ခြေစစ်ပွဲ အောင်မြင်ဖို့ လက်တကမ်းအကွာကို ရောက်ရှိနေပါတယ်။ ဘယ်လ်ဂျီယံကတော့ အဝေးကွင်းမှာ ကွင်းလယ်ကစားသမား ဟာဇက်ရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ အနိုင်ရသွားတာပါ။ လောလောဆယ် အုပ်စု ဘီ အမှတ်ပေးဇယားမှာ ဝေးလ်က ၁၈ မှတ်နဲ့ ဦးဆောင်နေပြီး ဘယ်လ်ဂျီယံ ၁၇ မှတ်နဲ့ ဒုတိယ၊ အစ္စရေးက ၁၃ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ လက်ကျန်ပွဲ ၂ ပွဲကစားဖို့ ကျန်နေသေးပြီး လောလောဆယ်မှာ ဝေးလ်နဲ့ ဘယ်လ်ဂျီယံတို့က ခြေစစ်ပွဲအောင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up