အိုင်အက်စ်အဖွဲ့ကို လေကြောင်းထိုးစစ်ဆင်သည့် ဗွီဒီယို ဖြန့်ချိ (ရုပ်သံ)

5.2K
အမေရိကန်ခေါင်းဆောင်တဲ့ မဟာမိတ်တွေက အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့ကို လေကြောင်း ထိုးစစ်ဆင်နေပုံကို ရိုက်ကူးထားတဲ့ ဗွီဒီယိုကို ကာကွယ်ရေးဌာန ၀ါဒဖြန့်ချိရေးရုံးက ဖြန့်ချိလိုက်ပါတယ်။
အီရတ်နဲ့ ဆီးရီးယားမှာ အခြေစိုက်တဲ့ အိုင်အက်စ်အဖွဲ့ရဲ့ စခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ် ပြုလုပ်ပုံကို ရိုက်ကူးထားတာပါ။
သြစတြေးလျ၊ ဒိန်းမတ်၊ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဂျက်တိုက်လေယာဉ်တွေကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။
စက်တင်ဘာ ၅ ရက်နေ့က အမေရိကန်နဲ့ မဟာမိတ်တပ်တွေဟာ အီရတ်စစ်မျက်နှာမှာ လေကြောင်းထိုးစစ် ၁၅ ကြိမ်၊ ဆီးရီးယားဘက်မှာ ၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဆိုပါတယ်။
အီရတ်စစ်မျက်နှာမှာ လှေ ၂ စင်းနဲ့ လက်နက်တိုက်တွေ၊ ယာဉ်တွေ၊ စစ်ဗျူဟာစခန်းတွေ၊ သံချပ်ကာ ကားတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆီးရီးယား စစ်မျက်နှာမှာလည်း စစ်စခန်းတွေ၊ ဗုံးခိုကျင်းတွေ၊ အမြောက်တပ်တွေနဲ့ ဒုံးကျည်စခန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။