နာမည်ကျော်ဗီးနပ်စ်ကဲ့သို့ သရုပ်ပြနိုင်တဲ့ ပင်လယ်ဖျံမလေး



1.4K
ပန်းချီဆရာမ ဆန်ဒရိုဗာတီဆယ်လီရဲ့ ဗီးနပ်စ်ရဲ့မွေးဖွားမှုအမည်ရ ပန်းချီကားထဲမှ ဗီးနပ်စ်ရဲ့ပုံစံအတိုင်း ပင်လယ်ဖျံမလေးတကောင်ရဲ့ သရုပ်ပြတင်ဆက်မှုကို ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့၊ ဟာကာဂျီးမားရေအောက်ပြတိုက်မှာ စက်တင်ဘာလ ၅ ရက်နေ့ မှာပြုလုပ်ခဲ့ပါတယ်။
အဲဒီရေအောက်ပြတိုက်ဟာ ဂျပန်နိုင်ငံမှာအကြီးဆုံးဖြစ်ပြီး လာရောက်လည်ပတ် သူတွေအနေနဲ့ ရေအောက်ဥမင်ကိုဖြတ်သန်းပြီးလေ့လာနိုင်တယ်လို့ စီစီတီဗွီသတင်းတ ပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီရေအောက်ပြတိုက်ကို နွေဦးရာသီပွဲတော်မှာစတင်လေ့ရှိပြီး ပင်လယ်ဖျံ လေးတွေရဲ့အထူးသရုပ်ပြတင်ဆက်မှုတွေပါဝင်ပါတယ်။