ယူရို ၂၀၁၆ ခြေစစ်ပွဲ နာမည်ကြီး နယ်သာလန် တူရကီကို ဂိုးပြတ်ရှုံး (ရုပ်သံဟိုက်လိုက်)

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲတွေမှာ နာမည်ကြီး နယ်သာလန်အသင်းဟာ တူရကီအသင်းကို ၃ ဂိုးပြတ်နဲ့ရှုံးပြီး ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက်တွေ မှေးမိန်သွားပါတယ်။ နယ်သာလန်က အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရပေမယ့်လည်း ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ နယ်သာလန်အတွက်တော့ ယူရို ၉၆ ပြိုင်ပွဲနောက်ပိုင်းမှာ ဂိုးပြတ်နဲ့ ရှုံးတဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ အုပ်စုတွင်းမှာ ချက်က လတ်ဗီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး အိုက်စလန်က ကာဇက်စတန်နဲ့ ဂိုးမရှိ သရေကျသွားပါတယ်။ အုပ်စု အေမှာ အိုက်စလန်က ၁၉  မှတ်နဲ့ ဦးဆောင်ပြီး ရမှတ်တူ ချက်ကလည်း ၁၉  မှတ်နဲ့ ဒုတိယ၊ တူရကီက ၁၂ မှတ်နဲ့ တတိယ၊ နယ်သာလန်က ၁၀ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ အုပ်စု ပွဲစဉ်တွေအတွက် လက်ကျန်ပွဲ ၂ ပွဲပဲ ကစားဖို့ ကျန်ရှိနေပြီး အိုက်စလန်နဲ့ ချက်အသင်းတို့ ခြေစစ်ပွဲအောင်မြင်သွားပြီ ဖြစ်ပါတယ်။

More News
Up