A d v e r t i s e m e n t With Us

ရွှေတိဂုံဘုရားအနီး အပေါက်ကြီး ရှောင်းရှားရန် အတားဆီးများ ပြုလုပ် (ဓာတ်ပုံ)

ဒဂုံမြို့နယ် ဦးဝိစာရအဝိုင်းနဲ့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အကြားရှိ ကန်လမ်းဝဲဘက်ခြမ်းမှာ အလျား ၄ပေ အနံ ၂ ပေခွဲလောက် မြေကျွံနေတာကြောင့်  ရှောင်ကွင်းသွားလာဖို့ ယာယီအတားအဆီးတွေ ပြုလုပ်ထားပါတယ်။ ယာဉ်သွားလာမှုအန္တရာယ် မဖြစ်စေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်ကြောရှင်းလင်းရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်တွေ ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - Yangon Traffic Police  

A d v e r t i s e m e n t With Us

More News
Up