အာကာသစခန်းပေါ် ပြုလုပ်သည့် တာဝန်လွှဲပြောင်းမှုအခမ်းအနား (ရုပ်သံ)

နိုင်ငံတကာ အာကာသစခန်းရဲ့ ဦးဆောင်မှု တာဝန်အလွှဲအပြောင်း အခမ်းအနားတခုကို အာကာသစခန်းပေါ်မှာပဲ စက်တင်ဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ တာဝန်ပြီးဆုံးလို့ ကမ္ဘောမြေဆီကို ပြန်တော့မယ့် ရုရှား အာကာသယာဉ်မှူး ဂန်နဒီ ပါဒယ်လ်ကာ (Gennady Padalka) က  နာဆာအဖွဲ့က စကော့ ကယ်ရီ (Scott Kelly) ကို တာဝန်လွှဲပေးလိုက်တာပါ။ ပါဒယ်လ်ကာက  ကယ်ရီဆီကို မိုက်ခရိုဖုန်းကို ကမ်းပေးရင်းနဲ့ တာဝန်တွေကို လွှဲလိုက်ပါပြီလို့ ပြောပါတယ်။ ကယ်ရီကလည်း အာကာသစခန်းရဲ့ တာဝန်တွေကို လွှဲပြောင်းယူတဲ့အကြောင်း၊ အာကာသစခန်းမှာ အမှုထမ်းနေတဲ့ အဖွဲ့ထဲမှာ အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဒိန်မတ်၊ ကာဇက်စတန်၊ ဂျပန်တို့က ၀န်ထမ်းတွေ အားလုံး ရှိကြတဲ့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။ ရုရှား အာကာသယာဉ်မှူး ဆာဂေး ဗောလ်ကော့ဗ် Sergei Volkov၊ ကက်ဇက်စတန် အာကာသယာဉ်မှူး အန်ဒီ အိန်းဗာတော့ဗ် Aidyn Aimbetov၊ ဒိန်းမတ်က အာကာသ ယာဉ်မှူး  အန်ထရီးယက်စ်  မိုဂန်စန် Andreas Mogensen တို့ ၃ ယောက်တို့ကို တင်သွားတဲ့ Soyuz TMA-18M အာကာသယာဉ်ဟာ စက်တင်ဘာ ၄ ရက်နေ့က နိုင်ငံတကာ အာကာသစခန်းကို ဘေးကင်းစွာ  ဆိုက်ရောက်သွားခဲ့ပါတယ်။ နဂိုက စခန်းမှာ လူ ၆ ဦး ရှိနှင့်ပြီးသား ဖြစ်လို့ တာဝန်လွှဲတဲ့ အခမ်းအနားကို လူ ၉ ဦး ပြုလုပ်တာ ဖြစ်ပါတယ်။ လာမယ့် ၁၂ ရက်ကျရင်တော့ အာကာသယာဉ်နဲ့ လိုက်ပါသွားတဲ့ ဒိန်းမတ် အာကာသယဉ်မှူး၊ ကက်ဇက်စတန် အာကာသ ယာဉ်မှူးတို့နဲ့ အတူ တာဝန်လွှဲပေးခဲ့တဲ့ ရုရှား အာကာသယာဉ်မှူး ပါဒယ်လ်ကာတို့ ကမ္ဘာမြေဆီ ပြန်ကြတော့မှာ။ အခုမှ တာဝန်ထမ်းဖို့ ရောက်သွားတဲ့ ရုရှား အာကာသာယာဉ်မှူး ဆာဂေး ဗောလ်ကော့ဗ်ကတော့ နာဆာ အာကာသယာဉ်မှူး  စကော့ ကယ်လီ၊  ရုရှား အာကာသယာဉ်မှူး မီးခေး ကော်နီယံကို တို့နဲ့အတူ မတ်လကျရင် တာဝန်ပြီးဆုံးလို့  ကမ္ဘာမြေကို နောက်တသုတ် ပြန်လာကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up