လေစွမ်းအင်သုံး ကမ်းစပ်က သတ္တ၀ါ (ရုပ်သံ)

လေစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တာတွေကိုတော့ အတော်များများ တွေ့ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အသက် ၆၃ နှစ် ဒတ်ခ်ျ အနုပညာသမား တေယိုဂျန်ဆန်ကတော့ ပင်လယ်ကမ်းစပ်မှာ လေစွမ်းအင်ကို အသုံးပြုပြီး သစ်သားနဲ့ပြုလုပ်ထားတဲ့ လှုပ်ရှားနိုင်တဲ့ အရုပ်တွေကို လုပ်ပြခဲ့ပါတယ်။ ဒီအရုပ်တွေကို ကမ်းစပ်က သတ္တ၀ါလို့ အမည်ပေးထားပြီး လေရဲ့စွမ်းအင်နဲ ဒီအရုပ်တွေက လမ်းလျှောက်နိုင်မှာ ဖြစ်ပါတယ်။ အနုပညာရှင် တေယိုဂျန်ဆန်ဟာ မြောက်ပင်လယ်နဲ့ နီးတဲ့  ဒဲပ်ဖ်မြို့မှာနေထိုင်ပြီး ဒီသတ္တ၀ါလေးတွေကို ဖန်တီးဖို့ နှစ်ပေါင်း ၂၀ နီးနီး အားထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့ ဒီအနုပညာကို အမေရိကန် ပြည်ထောင်စု နယူးယောက်မှာလည်း ၂၀၁၃ ခုနှစ်က ပြသခဲ့ပါသေးတယ်။  

More News
Up