စန်ဒီယေဂိုမြို့ က သဲပန်းပု ပြိုင်ပွဲ (ရုပ်သံ)

1.8K
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ထဲက စန်ဒီယေဂိုမြို့မှာ သဲပန်းပု ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်နေ့က စတင်ကျင်းပပါတယ်။
အမေရိကန် ပြည်ထောင်စု ပြည်နယ်တွေနဲ့ ရုရှား၊ အီတလီ၊ နယ်သာလန်၊ ကနေဒါတို့က သဲပန်းပု ချန်ပီယံ ၁၁ ယောက်က ၀င်ရောက်ယှဉ်ပြိုင်ပါတယ်။
ဒီပြိုင်ပွဲဟာ ရိုးရိုး သာမန်ပြိုင်ပွဲတခုမဟုတ်ဘဲ၊ သဲအလေးချိန် ပေါင် သုံးသောင်း၊ အမြင့် ၁၂ ပေအထိ ရှိတဲ့ အနုပညာလက်ရာတွေ ပါဝင်တယ်လို့ ပြိုင်ပွဲအရာရှိ ရတ်စတီ ခရော့ဖ်က ရှင်းပြပါတယ်။
ပြိုင်ပွဲအတွက် သဲတန်ချိန် ၃၀၀ ကို စုဆောင်းထားခဲ့ပြီး တချို့အနုပညာ လက်ရာတွေဟာ သဲ ၁၀ တန်လောက်အထိ လိုအပ်မယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။