A d v e r t i s e m e n t With Us

ဘောလုံး ကစားသမားများ အပြုအမူကောင်းပါက အစိမ်းကတ် ပြမည်

AUGSBURG, GERMANY - FEBRUARY 01: The referee show the Yellow card during the Bundesliga match between FC Augsburg and TSG 1899 Hoffenheim at SGL Arena on February 1, 2015 in Augsburg, Germany. (Photo by Alexander Hassenstein/Bongarts/Getty Images)
အီတလီစီးရီးဘီ ဘောလုံးပြိုင်ပွဲမှာ မျှမျှတတနဲ့ကစားတဲ့ ကစားသမားတွေကို  အသိအမှတ်ပြုတဲ့အနေနဲ့ ဒိုင်လူကြီးတွေက အစိမ်းရောင်ကတ်ပြမှာ ဖြစ်ပါတယ်။ ဒီကတ်ဟာ အပြုသဘောဆောင်တဲ့ ကစားသမားတွေကို ပေးအပ်မှာ ဖြစ်ပြီး ကစားနေချိန်မှာ ပြသသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ရာသီကုန်ချိန်မှာတော့ အစိမ်းရောင်ကတ်ပြသခံရတဲ့ ကစားသမားစာရင်းကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အတွက် အီတလီဘောလုံးရဲ့ ပုံရိပ်ကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း စီးရီးဘီပြောခွင့်ရက ပြောပါတယ်။ ဒီကတ်ကို နည်းပြနဲ့ ပရိသတ်တွေကိုလည်း ပြသသွားမယ်လို့ ဆိုပါတယ်။ ကစားသမားတွေရဲ့ ကောင်းမွန်တဲ့ အပြုအမှုတွေကို အသိအမှတ်ပြုတဲ့အတွက် အနိုင်ရရေး ပြိုင်ဘက်ကို စိတ်ဓာတ်ပျက်ပြားအောင် လုပ်ဆောင်တာတွေ၊ ဟန်ဆောင် လဲချတာတွေကို လျော့ချနိုင်မယ်လို့ ဆိုပါတယ်။ အစိမ်းရောင်ကတ် ရဖို့အတွက် ကစားသမားက သူမတူတဲ့ ကောင်းမွန်တဲ့ အပြုအမှုကို ပြသရမယ်လို့ စီးရီးဘီ ဥက္ကဋ္ဌ အန်ဒရီးအဘိုဒီက ပြောပါတယ်။ အစိမ်းရောင်ကတ် ပြသတာကို စီးရီးအေမှာ ပြသမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

A d v e r t i s e m e n t With Us

More News
Up