A d v e r t i s e m e n t With Us

အန်အယ်လ်ဒီ အစိုးရဖွဲ့နိုင်ပါက ဒုတိယပင်လုံညီလာခံ ခေါ်မည်ဟု ဒေါ်စုပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရင် ဒုတိယပင်လုံ ညီလာခံခေါ်ယူသွားဖို့ အစီအစဉ်ရှိတယ်လို့  ရှမ်းပြည်နယ်မှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စနဲ့ ပတ်သက်လို့  အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို ရှင်းပြရင်းနဲ့ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောရေးအတွက်  ရှမ်းပြည်နယ်တောင်ပိုင်း  ဟိုပုံးမြို့မှာ ရောက်ရှိနေတာပါ။ အဖွဲ့ချုပ်က တိုင်းရင်းသားဒေသမှာ  ရွေးကောက်ပွဲဝင်ပြိုင်တာဟာ စနစ်ကို ပြောင်းလဲဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ပြည်နယ်ပြည်မ အခွင့်အရေးတန်းတူ ပြည်ထောင်စုမျိုးကို ထူထောင်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up